" အဖျားသိပ်တော့မကြီးဘူး.. ဒါမဲ့
အနားယူဖို့တော့လိုလိမ့်မယ်.""Inn"
အိပ်ယာပေါ်ကရှောင်းကျန့်သည်
ယခုထက်တိုင်နိုးမလာသေးသော်လည်း
နဖူးကိုရေပတ်တိုက်နေရသည့်
ရိပေါ်ကတော့.လက်များပင်ပွယောင်းနေပြီ။ထိုမမပြောသလောက်ကတော့
သူမသည်ရှောင်းကျန့်၏သူငယ်ချင်း
ဖြစ်ပြီး.ရိုးရိုးဆရာဝန်ဖြစ်ကြောင်းလည်း
သိလိုက်ရသည်..
အသက်ရွယ်တူဖြစ်သောကြောင့်
ရိပေါ်မှာမခေါ်ချင်ဘဲ
အမလို့ခေါ်ရမည့်ကိန်းကိုတွေးပြီး
ယခုတိုင်ထိုမမပြောသလောက်
'အင်း' 'အဲ'.နှင့် ခေါင်းခါခေါင်းငုံ့သာ
လုပ်ဖြစ်သည်.. ။"ကောင်းပြီ.မင်းနားလို့ရပြီ...
ရှောင်းကျန့်ကသန်မာပါတယ်.. ခနနေဆို
သတိရတော့မှာပါ.. "" အင်း "
"ဒါဆို..... ငါတို့... အောက်ထပ်မှာ
စောင့်မလား.....? "အားနာသလိုတစ်လုံးချင်ပြောသည့်ထိုမမသည်
တစ်ခုခုကိုသိချင်သလို
မျက်လုံးများကလည်းဘလင်းဘလင်းနှင့်ပင်.။"အင်း "
______________
"နာမည်က...? "
"ဝမ်ရိပေါ်"
"Aww... မျိုးရိုးက 'ဝမ် '...
မဆိုးဘူးပဲ.. ဒါဆို.. အသက်ကရော...? "".... "
သူမရဲ့အမေးကိုမဖြေသေးဘဲ
စားပွဲကိုကြည့်နေရင်းမှမျက်စိလှန်ပြီးတစ်ချက်
လှမ်းကြည့်လိုက်တာကြောင့်
မမေးသင့်သောမေးခွန်းကိုမေးလိုက်
ပြီလားဟုသူမတွေးတောရင်း
နှုတ်ခမ်းသားတွေကိုအတွင်းသို့
သွင်းလိုက်မိသည်။"22"
"22!.... Wow "
ရုတ်တရပ်ခုံကိုတစ်ချက်ထုလိုက်ရင်း
ရိပေါ်ဆိုသောကောင်လေးရှေ့လက်မထောင်
လိုက်ကာ ရှောင်းကျန့်ရှိရာအပေါ်ထပ်သို့
လှမ်းကြည့်ရင်းတွေးတောလိုက်သည်။ယခုလထဲမှာတင်ရှောင်းကျန့်အသက်
28တိတိပြည့်ခဲ့ပြီဖြစ်သည်..
နှောင်နှစ်ဆို329ပြည့်တော့မည့်ရှောင်းကျန့်
သည်ငယ်ရွယ်သူမဟုတ်တော့သလို
လူငယ်တောင်မဟုတ်တော့...
ဦးလေးလို့ပင်ခေါ်လို့ကောင်းသည့်
အရွယ်ရောက်နေလေပြီ..
အိမ်ထောင်လည်းမရှိလို့
စွံမည်မဟုတ်ဟုသူမထင်ကြေးပေးပြီး
သားမတော်ခဲ့သောငနဲ့ BFFက
ယခုလို.. ကောင်လေးငယ်ငယ်ချောချော
လေးနှုင့် ဇာတ်လမ်းတွေဆိုတော့..
ရုတ်တရပ် ဟိုတလောကပင်
ဖတ်ထားသည့် ဦးလေးနှင့်ကလေး
Ficတောင်ပြန်တွေးမိသည်.. ။
YOU ARE READING
The boy Like Moon
Romanceဒီလိုလုပ်ရအောင် ကျွန်တော်တို့ ဟိုး~~~ ငယ်ဘဝကနေစပြောမယ် - YiZhan - ဒီလိုလုပ်ရအောင် ကျွန်တော်တို့ ဟိုး~~~ ငယ်ဘဝကနေစပြောမယ် - YiZhan -