- 17 -

1.8K 174 8
                                    

မနက်ခင်းမှာ အမြဲတမ်း စောစောထတယ်ရယ်လို့တော့မရှိဖူးပေမယ့် ဒီနေ့မှာလည်း
နောက်ကျပါတယ် ။
ဒါပေမယ့် အနည်းငယ် နေသာနေတဲ့ အခြေ
အနေလေးပေါ့ ။

လွတ်လပ်နေသလိုခံစားချက်နဲ့ မြေကြီးနဲ့
ကောင်းကင်ဝိုးတိုးဝါးတားဖြစ်နေသေးတဲ့
မျက်စိကြောင့် မနက်ခင်းကအသာယာကြီး
လည်း မဟုတ် ။

" အားလား.. "

အားယူပြီး ထထိုင်လိုက်ရင်း မျက်စိကို
ကြည်အောင် လက်ဖျံတွေနဲ့ ခပ်ကြာကြာ
ပွတ်လိုက်သည်။

*အင်း အခုမှပိုဝါးသွားသလို *

အခြေအနေကို ငြိမ်သွားစေပြီးမှ
ရောက်ရှိနေတဲ့ နေရာကို မှတ်သားသည်။

ရှောင်းကျန့်အိမ်ကို ရိပေါ် ရောက်နေတာဖြစ်
တာကြောင့် ရိပေါ် မနက်ခင်း အင်း
နေ့လယ်ခင်းကို
ပျော်ရွှင်သွားမိသလိုတောင်ဖြစ်သည်။

တခြားသူတွေလို ဘေးမှာ ကြင်သူရှိမနေတာ
ကလွဲရင် ကြင်သူအိပ်ယာပေါ်မှာလေ . ။

ကုတင်ပေါ်က ယိုင်တိုင်တိုင်နဲ့ဆင်းလိုက်တော့
ဘေးက မီးအိမ်တင်စားပွဲလေးပေါ်က
သံပုရာရည်လိုလို အရည်ထည့်ထားတဲ့ခွက်ကို
တွေ့တာမို့ ယူလိုက်သည်။
ဖန်ခွက်အောက်မှာဖိထားတဲ့ စာရွက်လေးမှာ
တော့ ရှောင်းကျန့် ၏ ဆရာဝန်လက်ရေးနဲ့
ကုန်အောင် သောက်ဖို့ရေးထားသည်။

ရိပေါ်လည်း သူ့အတွက် ဂရုစိုက်တာကို
သဘောတကျကျဖြစ်ရင်း အနံ့မရှိတဲ့ ထို
အရည်ကို မော့သောက်လိုက်သည် ။

*ဖြီ!!!!!*

ခါးလိုက္တဲ့ အရသာ !
ပုံမှန်ဆိုလည်း ဖျားနာရင်တောင် သောက်ဆေး
သိပ်မသုံးဘဲ ထိုးဆေးပဲသုံးတဲ့ရိပေါ်အနေနဲ့
ခါးသက်တဲ့အရသာတွေက သိပ်တော့
မရင်းနှီးတာမို့ ပါးစပ်ထဲငုံထားတဲ့
အရည်တွေဟာ ကြမ်းပြင်ပေါ် ဖွားကနဲ့ ။

" ကျစ် ! ဆိုးလိုက်တာ "

တစ်ဝက်ကျန်သေးတဲ့ဖန်ခွက်ကိုကြည့်ရင်း
လက်တို့ကတွန့်ရသည် ။
ကုန်အောင် မသောက်ချင်သော်လည်း
ရှောင်းကျန့်ရဲ့ဂရုစိုက်မှုလေးကို
အလာဟတ်သက်မဖြစ်ချင်မိတာမို့
လည်ချောင်းထဲကို အတင်းအရသာမခံဘဲ
လျောဆင်းစေလိုက်သည်   ။

The boy Like MoonWhere stories live. Discover now