-3-

6.4K 534 64
                                    


Note * သာသာရဲ့ဒီဖန်တီးမှုလေးကလေ ရိပေါ်ကသူကလေးဘဝကတည်းက ရှောင်းကျန့်ကိုကြိုက်ခဲ့ပေမယ့်
ဒီဇာတ်လမ်းလေးကတော့ ရိပေါ်ကြီးလာမှ ယခုပစ္စုပ္ပန်မှာ
စတာပါ။ အဲ့တာကြောင့် ဒီဇာတ်လမ်းမှာဇာတ်အိမ်က
အသက်ကြီးမှဖြစ်တဲ့အတွက် ငယ်ငယ်တုန်းကအကြောင်းတွေကို တိတိကျကျမရေးတော့ပါဘူးနော်🤗 ဒါမဲ့
နားလည်အောင်တော့ ရေးပေးမှာပါ 🤓။*

"ကလေး မင်းဒီမှာဘာလုပ်နေတာလဲ "

ရှောင်းကျန့်ဟာ သူ uni သွားဖို့ စီးနေကျ bus
လေးပေါ်တတ်သွားပြီးနောက် သူထိုင်နေကျ
နောက်ဆုံးခုံလေးမှာ ထိုင်နေတဲ့လွန်ခဲ့တဲ့ရက်တွေကလည်း
ရှောင်းကျန့်ကိုလိုက်ကပ်နေတဲ့ ထိုကလေးပေါက်စ
ကိုမေးလိုက်သည်
ထိုအခါမျက်လုံးပြူးပြူးလေးနဲ့ ပြန်မော့ကြည့်လာရင်း
ပြုံးပြလာသည့်ထိုပေါက်စကသူ့ဘေးထိုင်ဖို့
လက်ပုပ်ပြ၏။

ရှောင်ကျန့်လည်းဘာမှမဆိုဘဲထိုကလေးဘေးသာ
ထိုင်လိုက်ရသည် ရှောင်းကျန့်ဟာဖော်ရွေ့တတ်တဲ့သူ
ဖြစ်ပေမယ့် တစိမ်းတွေနဲ့ဆိုအနည်းငယ်
အနေရှက်တတ်သော်လည်း ထိုကလေးနဲ့ကတော့
ရင်းနှီးနေပြီဟုခေါင်းစဉ်တတ်လေမလား
လွတ်လွတ်လပ်လပ် ပင်မည်သို့မျှကပ်သီးကပ်အောင့်
မဖြစ်မိပါလေ ။

"ခင်များကိုပေးမယ် "

လက်ဖြူ ဖြူ လေးတွေထဲက ဆုပ်ကိုင်ထားတဲ့
ချောကလက်ဗူးလေးကိုရှောင်းကျန့် ဝင်လာကတည်းမြင်၏
သို့သော်သူ့အရေးကိုယ့်အရေးမဟုတ်တာကြောင့်
မမေးမိ သို့သော် ယခုတွင်တော့ လက်ကလေးဆန့်ကာ
ဗူးလေးကိုပေးနေတဲ့ထိုကလေးလေးက
ရှောင်ကျန့်ကိုတောင်မကြည့် မျက်နှာကိုအောက်ငုံ့
ထားသေးသည် ။

"ငါ့ကိုလား?"

*Nob*(ခေါင်းညိမ့်)

"ဘာလို့လဲ"

"ပေးချင်လို့ "

"သြော.... "

ရှောင်းကျန့်သည်ထိုကလေးထဲမှ
ချောကလပ်ဗူးလေးကိုယူလိုက်တော့မှ
သွားလေးဖီးပြီး သဘောတွေကျကာ
တခစ်ခစ်ရယ်နေသောထိုကလေးကို
အံ့သြစွာကြည့်နေမိသည်။

:ငါဘာလို့မကောင်းတဲ့အငွေ့အသက်တွေရနေတာလဲ:

______________

The boy Like MoonWhere stories live. Discover now