- 24 -

1.3K 180 14
                                    


ရှောင်းကျန့် Chongqing ကနေနောက်နေ့
မနက်မှာ ထွက်ခွာလာခဲ့တယ် ။
သူ့မားနဲ့ ချုံဟယ် ကထပ်နေသေးဖို့ပြောပေ
မယ့် Beijing ကလူကိုချော့ဖို့အတွက်သာ
စိတ်အားသန်နေတာမို့ နောက်လလောက်
ထပ်လာမယ်လို့ပြောပြီး Beijing ကို
သူခြေဆန့်ခဲ့သည် ။

အိမ်ကိုရောက်ရောက်ချင်း အကူအညီပေးတဲ့
ဘေးအိမ်က အဒေါ်ကို ကျေးဇူးတင်ကြောင်း
ပြောပြီး ခရီးလည်းပမ်းတာမို့ ကုတင်ပေါ်
ခွေပြီးလဲချလိုက်သည် ။

Beijing နဲ့ Chongqing နီးတာကျလို့
ဟို US သူနဲ့ Beijing သားနဲ့ကတော့
နည်းနည်းမှနားမလည် ။ နာရီ20ကျော်
မောင်းရတဲ့ ဒီလိုနေရာကို ရန်ဖြစ်ပြီး
ပြန်သွားတဲ့ ကန့်လန့် နှစ်ယောက် ။

ရှောင်းကျန့် တွေးပြီး ပင်းပမ်းတာကထပ်တဲ့အခါအိပ်လို့ကလည်း မပျော်။
ပင်းပမ်းတာထပ်လုပ်ရင်အိပ်ပျော်တဲ့ဆိုတဲ့
အတွေးကြောင့် အိမ်နောက်ဖေးက
တိရိစ္ဆာန်တွေနဲ့ အချိန်ဖြုန်းဖို့ဆုံးဖြတ်လိုက်သည်။
နောက်ဖေးကိုသွားတော့မှပဲ
ဟိုရက်ကအတိုင်း လှန်းထားတဲ့
ရိပေါ် အဝတ်အစားတွေကိုသူတွေရသည်။
သူဝင်ရုတ်မသွားဘူးလား ။

ရှောင်းကျန့် ဘာပဲဖြစ်ဖြစ် လုပ်စရာတစ်ခုတိုးပြီ
ဟုတွေးရင်း ရိပေါ် အဝတ်အစားတွေ
ရုတ်လာလိုက်သည်။
ပြီးနောက် ကုတင်ပေါ် ပစ်တင်လိုက်ပြီး
ကိုယ်ပါ ကုတင်လေးပေါ် တတ်ထိုင်လိုက်သည်။

သူ့အဝတ်တွေကို သေချာခေါက်ပေးဖို့
ဆုံးဖြတ်ခဲ့ပေမယ့် မီးကြိုအိုးတော့မတိုက်ပေး
ချင်ခဲ့ ။ ရှောင်းကျန့် အဲ့လောက် ကျမလုပ်
နိုင်တော့ဘူး ။ စီယာတိုင်ကို နာရီ20
လောက်ထိန်းကိုင်ခဲ့ရတော့ လက်တွေက
ရိုက်ထားသလိုပင် ။

လျှော်တုန်တုန်းကဆို ဘယ်လိုလုပ်
ခဲ့လဲဆိုတာ မစဉ်းစားနိုင်တော့ ။
သူ့ကတစ်ကိုယ်တည်းသမားမို့
အဝတ်လျှော်စက်ဝယ်မထား။
ရိပေါ်အဝတ်တွေကိုယ်တိုင်လျှော်ခဲ့တာကို
ရိပေါ်ကတော့ သိမယ်မထင်ဘူး ။
အနောက်က ကျားလိုက်နေတဲ့အတိုင်းပဲ။
အုံ့သိုးသိုး အနံ့ထွက်နေတဲ့ ယောင်္ကျား
တစ်ယောက်ရဲ့အတွင်းခံကို ဘယ်လို
မျက်နှာနဲ့လျှော်ခဲ့ရတယ်ထင်လဲ ။

The boy Like MoonWhere stories live. Discover now