- 25 -

1.5K 178 12
                                    


" ဘယ်လိုလုပ်မလဲ "

" အင်း..... ရှောင်းကျန့် အဖြေကိုကြည့်ကြတာ
ပေါ့ "

" ရှောင်းကျန့်အကြောင်းသိရဲ့သားနဲ့ ဘာလို့
ကိုယ့်ကိုကို ဒုက္ခပေးမှာလဲ "

ပိုင်ယွီမေးလိုက်တော့ ရိပေါ်က ဘာမှ
မဖြေသေးဘဲ သူ့ကပ်ထားတဲ့နံရံက
ဓာတ်ပုံတွေကိုကြည့်ရင်း
စီးကရက်ကို ဖွာလိုက်သည် ။
ပြီးနောက် အငွေ့ထုတ်လိုက်တာလား
သက်ပြင်းချတာလား မသိပေမယ့်
လေပူတစ်ချို့ကိုတော့ မှုတ်ထုတ်လိုက်ပါ၏။

ဒီအခန်းကို ဘယ်သူမှပေးမဝင်ဖူးဘူး ။
ရှောင်းကျန့် ကသာပထမဆုံးဖြစ်ပြီး
ဒီအခန်းထဲမှာ ရှောင်းကျန့် နဲ့စတွေုတုန်းက
ခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေရှိသည် ။
ရှောင်းကျန့် လွှတ်ပစ်ထားတဲ့ အမှိုက်ကစ
ရှိသည် ။ ရှောင်းကျန့်နဲ့ပတ်သက်တဲ့
10နှစ်ကျော်ကအငွေ့အသက်တွေရှိသည်။

" ဘာလို့ ရှောင်းကျန့် က uni ကကိစ္စတွေကို
မမှတ်မိဘဲ အထက်တန်းကကိစ္စကိုမှတ်မိ
နေရတာလဲ "

သူ့ကိုမကြည့်ဘဲ ရှောင်းကျန့် စာအုပ်လေး
တွေပိုက်ပြီး ပြုံးနေတဲ့ ခါးဝက်မှန်ဘောင်ကြီး
ကိုကြည့်ရင်း ရိပေါ်က ဆိုသည် ။
ပိုင်ယွီလည်း သူ့တို့ကြားရူးချင်မိသည် ။
တကယ်လည်း ဘာလို့လဲဆိုတာ မသိ ။

" ရှောင်းကျန့်က accident  တွေဘာတွေ
ရှိဖူးတာလား "

" မရှိဘူး... ကျဲ လည်း မသိတော့ပါဘူး "

ပြတင်းပေါက်နားကကောင်လေးတစ်ယောက်
နဲ့ သူ့လက်ကြားက ဆေးလိပ်တို
မလိုက်ဖက်မှန်းသိပေသော်လည်း
ပြတင်းပေါက်ဘောင်မှာတော့
တစ်ဝက်ကျိုးနေတဲ့ အရက်တစ်ပုလင်းလည်း
ရှိသေးသည် ။

" တဖတ်သတ်အချစ်တဲ့ တကယ်လည်း
တဖက် ကို တကယ် သတ်တယ် "

____________________

" အာ တောင်းပန်ပါတယ် ကျွန်တော်
ဒီနေ့ဆေးခန်းဖွင့်မှာမဟုတ်ဘူး "

"  ဒါဆို နောက်ရက်လာခဲ့မယ်နော် ဆရာ"

" ဟုတ်ကဲ့ "

ဆေးခန်းထဲဝင်ထိုင်နေပြီး closed
ဆိုင်းဘုတ်ဆွဲဖို့မေ့နေတော့ ပြန်သွားရတဲ့
လူနာရှင်ကတော့ အားနာစရာ ။
ဒီနေ့ မနက်လည်း စိတ်နဲ့လူနဲ့မကပ် ။
မနေ့က အန်တီဝမ်ရဲ့စကားကြောင့်
တစ်နေကုန် တွေတွေကြီးနဲ့ စဉ်းစားနေ
သလောက် ဘာမှထွက်မလာခဲ့ ။

The boy Like MoonWhere stories live. Discover now