- 22 -

1.4K 169 38
                                    

နေမစောင်းခင် 11 နာရီလောက်မှာ
ရှောင်းကျန့် တို့ကားလေး အိမ်ကနေ
ထွက်ခွာခဲ့ကြသည် ။
ခရီးစဉ်တွေကတော့ စီစဉ်ထားခြင်း
မရှိပေမယ့် ရှောင်းကျန့် က Ciqikuo
ကိုရွေးချယ်ခဲ့သည် ။

ကားစထွက်ကတည်းက ချုံဟယ် ရဲ့
ပျော်ပျော်ရွှင်ရွှင်နဲ့ အရေးမပါတဲ့စကားသံတွေ
သာရှိသည်။ ကျန်တဲ့ 3ယောက်ကတော့
သူတို့အကြောင်းနဲ့သူတို့တိတ်ဆိတ်နေကြသည်။ ပိုင်ယွီကတော့တစ်ချိန်လုံး ရိပေါ်ကို
ကြည့်နေပြီး ရိပေါ်ကတော့ ခေါင်းမော့ပြီး
မှီကာ မျက်လုံးတွေကိုမှိတ်ထားသည် ။

တစ်ချက်တစ်ချက်ဆို ဘယ်ဘက်ပါးပေါ်က
Plaster အကြီးစားအုပ်ထားတဲ့ပါးပြင်ကို
ရိပေါ်က ခဏခဏ ဖိကိုင်လိုက်တိုင်း
ပိုင်ယွီအကြည့်က ရိပေါ်အရှေ့က ရှောင်းကျန့်
ဆီရောက်သွားသည် ။
ထိုမျက်ဝန်းမှာတော့ ရှောင်းကျန့် ကို
အပြစ်ပြောချင်နေတာ အထင်းသား ။

သို့သော် ပိုင်ယွီက ဘာမှမပြောဘဲ
ရိပေါ် ရှောင်းကျန့် ကိုစိတ်ကွတ်သွားမှာကိုသာ
စိုးရိမ်နေသည် ။
ရှောင်းကျန့် ကတော့ ကားလမ်းကိုသာ
ဂရုတစိုက်မောင်းနေပြီး ဘာမှအာရုံထဲ
ရှိပုံမရ ချုံဟယ် ရဲ့ စကားတွေကို
အင်း အဲ လိုက်ပြီးသာ ပြောပေးနေသည် ။

သူတို့ ခရီးစဉ်ကတော့ အစမှကောင်းပုံ
မရှိ .။

______________

ကားလမ်းတွေ များစွာ ကို ရှောင်းကျန့်
ချိုးကွေ့ပြီးချိန်မှာတော့
1 နာရီထိုးခံနီးတွင် Ciqikuo မြို့လေးကို
သူတို့ရောက်ကြသည် ။
တောင်တွေကြားထဲရှိတဲ့မြို့လေးဆိုတာ
မှန်ပေမယ့် အခုတော့ မိုးထိတိုက်တွေကြားက
မြို့လေးဆိုရင် ပိုမှန်မည်ဖြစ်သည်  ။
နှစ်ပေါင်း 1500 ကျော်တည်ရှိနေတဲ့မြို့လေး
ဖြစ်တယ်ဆိုတာ ကြပ်သိပ်နေတဲ့ ရိုးရာ
အိမ်လေးတွေက သက်သေပြသည် ။

ရှောင်းကျန့် Ciqikuo ကို နောက်ဆုံး
ရောက်တာ အထက်တန်းလောက်က ။
ရှောင်းကျန့်က uni ကနေ အလုပ်ရတဲ့အထိ
Beijing မှာပဲ အခြေချနေတာကြောင့်
အနေဝေးတာကြာပြီ ။ အိမ်ကို နှစ်ကြား
1ခါပြန်ပေမယ့် အနားယူဖို့ဖြစ်တာကြောင့်
အိမ်မှာပဲနေဖြစ်သည် ။

The boy Like MoonWhere stories live. Discover now