-4-

4.8K 392 26
                                    

*warning⚠* အပိုင်3းကိုအရင်ပြန်ဖတ်ပါ
😂😂မဟုတ်ရင်မှတ်မိမှာမဟုတ်ဘူး 😅 အပ်ပုဒိတ်မလုပ်တာကြာပြီလေ🙏🙏🙏🙏

___________

ရိပေါ်သည်စကားဆုံးသည်နှင့်
ရှောင်းကျန့်ဘေးနားကရေဗူးကိုအတင်းယူကာ
မော့သောက်ချလိုက်သည်

"ဆိုတော့ မင်းပြောတဲ့သဘောက မင်းကငါနဲ
ဟိုး~~~~~~.. 11..12နှစ်လောက်ကတည်းက
သိတယ်ဆိုတဲ့သဘောလား "

ရှောင်းကျန့်သည်မဖြစ်နိုင်သည်မယုံဟူသော
အကြည့်တို့ဖြင့် ရိပေါ်ကအားထိုးကျွေးနေ၏
ထို့ကြောင့်ရိပေါ်သောက်လက်စရေကိုမျက်မှောင်ကျုတ်
ကာလည်ချောင်းထဲကျအောင်မြိုချလိုက်ပြီး
မယုံသင်္ကာရှောင်းကျန့်အားစကားနားထိုးရတော့မည်။

"ကျန့်ကော.. ကျွန်တော်ပြောတာကိုမယုံတာလား
ဒါမှမဟုတ် ကျွန်တော့ကိုမေ့သွားတာလား
........ဟမ်း~~~~မထင်မိဘူး... ကျန့်ကော
မေ့ရက်တယ် "

ရိပေါ်သည်ကိုယ့်ကိုကိုသနားဟန်
ကိုယ့်လက်နှင့် ကိုယ့်ပုခုံးလေးတွေအား
ပြန်ပွတ်သပ်ရင်း အောက်နှုတ်ခမ်းကြီးကို
တစ်တောင်လောက်ဆူထားသေး၏။

"ဟေးရိပေါ် မင်းနှုတ်ခမ်းကြီး သိမ်းစမ်း
ထော်နေတာ ငါ့ကိုတောင်လာထိုးတော့မယ် "

"ထိုးမိတော့လည်း ဘာဖြစ်လဲ..
ကျန့်ကောကိုနမ်းလို့ရတာပေါ့.. ဟီး.. "

"တော်! ကြက်သီးထတယ်... မင်းလိုငဆိုးငပေ
လေးကို ငါ့ဖြင့်အရင်က ခင်ခဲ့ဖူးတယ်ဆိုတာ
ယုံတောင်မယုံဘူး "

ရှောင်းကျန့်သည်ဖင်ခါခေါင်းခါနှင့်
အသေအကြေငြင်းနေသောကြောင့်
ရိပေါ်ခေါ်င်းကိုတဗြင်းဗြင်းကုတ်လိုက်မိသည်။

တစ်ဖက်ကလည်းရှောင်းကျန့်၏မှတ်ဥာဏ်ကို
သနားမိ၍ သက်ပြင်းလည်းဘယ်နှစ်ခါချမိမှန်းမသိတော့

"အယ်.. ဝမ်ရိပေါ် ငါမင်းကိုမေးအုန်းမယ်
မင်းပြောတော့.. မင်းကငါ့ကိုတခြားနယ်
ပြောင်းတော့မယ့်အကြောင်းမပြောလိုက်ရဘူးမလား
အခုကျတော့.. မင်းကငါ့ဘေးမှာ
ဘာလို့တခြားမှာမရှိတာလဲ.... "

ရှောင်းကျန့်သည်မျက်လုံးကိုမှေးကာ
ရိပေါ်ကို မယုံသင်္ကာမျက်ဝန်းတွေနှင့်
ထပ်မံချွန်ပလာပြန်၏။
ထို့ကြောင့် ဝမ်ရိပေါ်သည်ရီချင်ပက်ကျိမျက်နှာကို
ထိန်းကာ.. ခပ်အေးအေးပင်ဖြေလိုက်သည်။

The boy Like MoonWhere stories live. Discover now