- 19 -

1.4K 192 23
                                    


" မား သား ဗိုက်ဆာပြီ "

စာပွဲဝိုင်းပေါ် ပေါင်မုန့်တွေချတင်နေတဲ့
မားက ချွေးတွေနဲ့ ပြန်လာတဲ့ ရှောင်းကျန့်ကို
မြင်တော့ ပြုံးပြသည် ။
သူမ သိနေခဲ့လို့ နိုးကတည်းက သားအတွက်
အရင် ဆုံး မနက်စာပြင်ထားပေးရသည် ။

" မားက သိတတ်လိုက်တာ "

ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောရင်း ရှောင်းကျန့်က
မားရဲ့ ပါးကို တစ်ဖြတ်လှမ်းနမ်းလိုက်သည် ။
ပြီးနောက် တံဘတ်တစ်ထည်ယူပြီး
သူ့မျက်နှာနဲ့ လည်ပင်းပေါ်ကချွေးတွေကို
သုတ်ချပြီးမှ မားပြင်ပေးထားတဲ့
ပေါင်မုန့် ယိုသုတ်ကို စားဖို့ပြင်သည် ။

မားကလည်း ရှောင်းကျန့် ဘေးကခုံးမှာ
ဝင်ထိုင်ပြီး ရှောင်းကျန့် ကို မေးခွန်းမေးချီ
လာခဲ့သည် ။

" ကျန့်ကျန့် သား အခုထိ တစ်ယောက်တည်း
ပဲလား "

" ဟုတ် မား "

ရှောင်းကျန့်ကလွတ်လွတ်လပ်လပ် မဆိုင်း
မတွဖြေတော့ မားက မျက်နှာက ကျေနပ်ရိပ်
သန်းသွားသည် ။
ရှောင်းကျန့်ကတော့ သိပ်မသိ
ဗိုက်ဆာတာနဲ့ စားစရာရှိတာသာ
ဆက်စားနေလိုက်သည် ။

ရှောင်းကျန့်စားမပြီးခင် မားကထသွားပြီး
တခြား အခန်းထဲကို ဝင်သွားသည် ။
ရှောင်းကျန့်လည်း မားဘာဖြစ်နေလဲဆိုတာ
မသိတာမို့ စားစရာရှိတာအကုန်စားပြီး
အဝတ်လဲဖို့ အပေါ်ထပ်ကို တတ်သွား
ခဲ့သည်။

" ဖေကြီးရေ ရှောင်းကျန့်မှာ ရည်းစား
မရှိဘူးတဲ့ "

"ဒါကောင်းတာပေါ့  ဒါဆိုလည်း
မြန်မြန် စီစဉ်ကြတာပေါ့ "

___________

" ပူလိုက်တာ "

အချိန်က 9နာရီကျော်ပြီ ။ ပြောရရင်
မြို့ထဲကိုတောင် ရောက်လာပြီ ။
သူတို့စီးလာတဲ့ ဖရဲသီးနဲ့ကားကလည်း
သွားစရာရှိတဲ့နေရာကို ထွက်သွားသည် ။

ယခုမှာတော့ရိပေါ်နဲ့ ပိုင်ယွီက Chongqing
ရဲ့နွေပူဒဏ်ကို ကောင်းကောင်းကြီး ခံနေရသည်။ လမ်းမပေါ်မှာ တားစရာ ကားလည်း
မရှိတာမို့ ။ လမ်းလျှောက်ဖို့သာ ဆုံး
ဖြတ်လိုက်ကြသည် ။

The boy Like MoonWhere stories live. Discover now