Part-2

12K 914 2
                                    

zaw gyi

ဖေဖေပေးထားသော တာဝန်ကြောင့်
ဒီနေ့ ရှိသမျှ အလုပ်တာဝန်များကိုဖျက်ကာ
ဖေဖေ့ ကျေးဇူးရှင်၏ သားဟူသော
ကောင်လေးကို နေသူ လာခေါ်ဖြစ်သည်။
ဖေဖေပြောထားသဖြင့် ရှိန်းထိုက်မဟာ
အကြောင်းကို သိထားသင့်သလောက်
သိပြီးဖြစ်သည်။

မကြာသေးခင်ကမှ မိဘနှစ်ပါးလူံး
ဆုံးထားကာ၊ စီးပွား အခြေအနေလည်း
ပျက်ယွင်းထားတာကြောင့်၊
အထည်ကြီးပျက် သဘောမျိုး ဖြစ်နေသည့်
ကောင်လေးက ဆွေမျိုးသားချင်းလည်း
မရှိတော့သဖြင့် တစ်ကောင်ကြွက်သာသာ
ဖြစ်နေသည်။
သနားစရာကောင်းသည့် ကလေးတစ်ယောက်
ဖြစ်တာကြောင့် ၊ အိမ်တွင်ခေါ်ထားမည်ဟု
ဖေဖေပြောခြင်းကို နေသူ မငြင်းဆန်ခဲ့။

သို့သော် ငြင်းဆန်ချင်ရင်တောင်
ငြင်းဆန်ပိုင်ခွင့်ရှိမည် မထင်ပါ။
ဖေဖေက နေသူ့အား ထိုကိစ္စကို
အသိပေးခြင်းသာ ဖြစ်ပြီး
ခွင့်တောင်းခြင်း မဟုတ်ခဲ့။
ထိုအရာကလည်း
သိပ်အရေးကြီးလှတယ်လို့တော့ မဟုတ်ပေ ၊
ဖေဖေလုပ်သည့် အလုပ်ဆိုလျှင်
မည့်သည့် ကိစ္စမဆို ငယ်စဉ်တည်းက
ခုချိန်ထိ ငြင်းဆန်ခဲ့ခြင်း ၊ တားမြစ်ခဲ့ခြင်း
မရှိတာကြောင့်ဖြစ်သည်။

..

လူချမ်းသာများသာ စုဝေးနေထိုင်သည့်
အိမ်ရာဝန်းကြီးအတွင်းသို့ နေသူ ဝင်ခဲ့ရင်း၊
ဖေဖေပေးထားသော လိပ်စာထဲတွင်
ပါဝင်သည့် အိမ်နံပါတ်တည်ရှိရာ
ခြံတစ်ခုရှေ့တွင် ကားကို ရပ်လိုက်သည်။
ခြံထဲသို့ဝင်ရန်အတွက် ခြံရှေ့သို့ ဦးတည်ရင်းသာ
ရပ်လိုက်ပြီး ကားပေါ်မှ ဆင်းကာ
လူခေါ်ဘဲလ်အား နှိပ်လိုက်သည်။

အထဲမှ လူတစ်ယောက်ယောက်
ထွက်လာမည်ကို စောင့်ဆိုင်းရင်း
အိမ်ကြီးကို မော့ကြည့်မိတော့
မိသားစု သုံးယောက်တည်း ရှိခဲ့သည်ဟု
သိရသော်လည်း အိမ်က မိသားစုဝင်အများကြီး
နေထိုင်လို့ ရလောက်အောင် ကြီးလွန်းနေကာ ၊
ခမ်းနားလှသည်ဟု ဆိုရမည်။

ဒီလို နေရာမျိုးမှာ ကြီးပြင်းခဲ့တဲ့
ကလေးတစ်ယောက်က ယခုလို ဆိုးရွားတဲ့
ကံကြမ္မာကို ရုတ်တရက်ဆိုသလို
ရင်ဆိုင်လိုက်ရတာကြောင့်
သူခံစားနေရမည့် ခံစားချက်
အတိမ်အနက်ကို နေသူ ကောင်းစွာ
နားလည်ပါသည်။

မုသားဟု ဆိုရာ၌Where stories live. Discover now