Zawgyi
ဥက္ကာတို့ လေယာဉ်ပေါ်က ဆင်းဆင်းခြင်း
ဒွယ်ရှင်းနီက ဥက္ကာနားကပ်လာကာ"အကို... ? နေမကောင်းဘူးဆို..?"
ဥက္ကာ ပြုံးလိုက်ရင်း..
"အင်း.. နည်းနည်းပါ..."
အဖေရှေ့..၊အကိုရှေ့မှာ ဘယ်လိုပဲ
ပူညံပူညံ လုပ်ပြပြ၊
ကောင်မလေးရှေ့မှာတော့ သန်မာနေမှ ရမည်လေ။"ဆေးရော သောက်ထားလား..?"
နီထပ်မေးသော မေးခွန်းအား
ဥက္ကာမဖြေခင်..."ရှိန်းထိုက် အနွေးထည်မပါဘူးလား...?"
ဟူ၍ အနောက်မှ ကိုးက ရှိန်းထိုက်အား
မေးလိုက်သော မေးခွန်းကြောင့်
နောက်လှည့်ကြည့်မိတော့၊
ကျန်သူအားလူံး အနွေးထည်ပါရင်ပါ၊
မပါရင် လက်ရှည်တွေနဲ့ ဖြစ်နေသော်လည်း၊
ရှိန်းထိုက်တစ်ယောက်တည်း လက်တိုလေးနှင့်၊ရာသီဥတူကအရမ်းအချမ်းကြီး
မဟုတ်သော်လည်း၊ခပ်စိမ့်စိမ့်အေးနေသည်လေ။မိမိမှာ သူ့အနွေးထည် ဝတ်ထားမိတာ
ခုမှ သတိရပြီး ၊ အနွေးထည်ကို ချွတ်လိုက်ကာ.."ရော့...."
ဟူ၍ ကိုးအားကျော်ကာ
သူ့ကို လှမ်းပေးလိုက်တော့..
သူက ဥက္ကာအား ခပ်အေးအေးပင်
စိုက်ကြည့်ကာ..."မလိုဘူး....!"
သူ့လေသံက ခပ်မာမာ ပြတ်ပြတ်၊
မသိရင် သူချမ်းနေမှာစိုးလို့ ဥက္ကာက
မိမိအနွေးထည်အား ပေးလိုက်သလိုပင်၊
ကိုးကလည်း အဲ့လို ထင်သွားပုံရကာ.."မင်းက ထူးထူးဆန်းဆန်း...၊
အနစ်နာတွေ ဘာတွေ ခံလို့ပါလား ဥက္ကာ...""အဲ့တာ ရှိန်းထိုက် အနွေးထည်ထင်တယ်.."
ဟူ၍ နီ က ဝင်ပြောလေသည်။
လေဆိပ်ရှိရာဆီသို့ လျှောက်နေသော
ကိုး၏ ခြေလှမ်းတို့ ရပ်တန့်သွားတာကြောင့်၊
ဥက္ကာပါ လိုက်ရပ်လိုက်မိတော့၊
ရှိန်းထိုက်က ဥက္ကာတို့ကို ကျော်ကာ
အရင်ထွက်သွားနှင့်လေသည်။သူ့အနွေးထည်ကိုတော့ ယူမသွားခဲ့...။
"မင်းက ကလေးရဲ့ အနွေးထည်ကိုယူပြီး
အနိုင်ကျင့်ထားတာလား..?"