Zawgyi
ကိုနေသူ၏ အခန်းအတွင်းတွင် ရှိန်းထိုက်နဲ့
ကိုနေသူ နှစ်ယောက်တည်းသာဖြစ်သည်။
ညနေစောင်း အလုပ်လည်း ဆင်းပြီ ဖြစ်သဖြင့်
တစ်အိမ်လုံးမှာ မည်သူမျှ ရှိမနေတော့ပေ။သူ ဘာပြောချင်လို့ ရှိန်းထိုက်ကို
ခေါ်ထားတာလဲ ကောင်းစွာမသိပေ။ထိုင်ခုံတွင် သူထိုင်ကာ တစ်စုံတစ်ခုအား
ပြောဖို့ တွေဝေနေပုံရသည်။သူ့လည်ပင်းတွင်လည်း မိမိပေးထားသော
ပလက်တီနမ်ဆွဲကြိုးကို မချွတ်တမ်း
ဝတ်ဆင်ထားလေသည်။သူ ရှိန်းထိုက် အပေါ် စိတ်ယိုင်နေတာ
ရှိန်းထိုက်သိသည်။ သို့သော် ထိုစိတ်ယိုင်မှုက
သူနဲ့ နွေးစုဟန်တို့ လက်ထပ်မှုမှာ အနှောက်အယှက်
ဖြစ်လောက်သည့် အနေအထား မဟုတ်သေး။ထို့သို့သော မထိတထိ အခြေအနေကို
ရအောင်လည်း ရှိန်းထိုက်ကိုယ်တိုင်
မရရအောင် ပုံသွင်းကြိုးစားခဲ့ရသည်လေ။"အကို.... ၊ ဘာမှ မပြောတော့ဘူးလား..?"
ရှိန်းထိုက် သူ့အား သတိပေးစကား ဆိုလိုက်တော့ ၊
သူက ခေါင်းကြီး ငုံ့ထားရာမှ ရှိန်းထိုက်အား
မော့ကြည့်လာကာ...."ကို လက်ထပ်မယ့် ကိစ္စကို မင်း ဘယ်လို
သဘောရလဲ..?"သူ ထိုသို့သော မေးခွန်းအား မေးလာလိမ့်မည်ဟု
ရှိန်းထိုက် မထင်ထားခဲ့။ရှိန်းထိုက် ဘာမှ ပြန်မဖြေရသေးခင်မှာပင်
သူက ဆက်၍..."ကို နွေးကို သနားတယ်...၊
အခုဖြစ်နေတဲ့ ကောလဟာလတွေက
သူရဲ့ ကိုယ်ကျင့်တရားကို
အရမ်းထိခိုက်နေတယ်.၊
အဲ့တာကြောင့် လူတွေ ဘယ်လိုထင်ထင်
လိုက်ရှင်းပြနေတာထက် စာရင်..၊
ကိုယ်ကတော့ နွေးကို
ယုံကြည်စွာနဲ့ လက်ထပ်မယ်
ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တာ..."ကိုနေသူ့စကားရှည်ကြီး အဆုံးတွင်
ရှိန်းထိုက် အော်ဟစ် ရယ်မော
ပစ်လိုက်ချင်ပါသော်လည်း၊
ပြုံး၍သာ နေလိုက်ကာ.."အကို ဆုံးဖြတ်တာ မှန်ပါတယ်..၊
အကိုက ယောက်ျားကောင်းတစ်ယောက်
ဆိုတာကို ကျွန်တော် သိပြီးသားပဲလေ..၊
အကို တွေဝေမနေပါနဲ့...၊
မနွေးကို အပြည့်အဝ ကာကွယ် ပေးလိုက်ပါ...."