Zawgyi
ကိုးအား အလုပ်ဆက်လုပ်မည့် ကိစ္စကို ဥက္ကာ
ပြန်လာပြောစဉ်တွင် ကိုး၏ မျက်နှာမှာ
အလွန်ကို တင်းမာနေပြီး..."မင်းက ထွက်ချင်ထွက် ဝင်ချင်ဝင်
လုပ်နေရအောင် ငါ့အလုပ်ကို
ကလေးကစားစရာလို့ ထင်နေတာလား
ဥက္ကာ....?"သူ စတင်၍ ဆူပါလေတော့သည်။
စကားနည်းလွန်းသော ကိုးက ဒါမျိုးကျ
စကားတွေအများကြီးထွက်လာကာ
တစ်နာရီလောက်နီးပါး တရားဟောခြင်းကို
ခံလိုက်ရလေသည်။
ဒါနဲ့တင် ဘယ်ပြီးဦးမလဲ ၊ ဖေဖေကပါ
ဖုန်းဆက်ကာ ဆုံးမစကား မှာကြားပြန်လေသည်။ဥက္ကာကတော့ ဘယ်သူတွေ ဘယ်လောက်ပဲ
ဆူနေပါစေ၊ အပြုံးမပျက်။ဘာကြောင့်ရယ်မသိ၊
မိမိစိတ်က ပြန်လည်တက်ကြွကာ
ပျော်ရွှင်နေမိလေသည် ။.........
နောက်နေ့မနက် ရှူတင် စချိန်တွင်ရှိန်းထိုက်နှင့်
အတူ သရုပ်ဆောင်ရမည့် အခန်းများ
ပါဝင်လာတာကြောင့်၊ ရှိန်းထိုက်
စိတ်မပျက်ရလေအောင် ဥက္ကာ
အကောင်းဆုံးကြိုးစားနေမိသည်။ရှိန်းထိုက်က ဇာတ်ညွှန်းတစ်အုပ်လုံးအား
အလွတ်ရနေသည့်အလား၊ အမှားတစ်ချက်မှ
မရှိပဲ၊ သရုပ်ဆောင်နိုင်ပေမယ့်၊ ဥက္ကာဘက်က
အမှားလေးတွေ အနည်းငယ်ရှိလာတာကြောင့်၊
သူများ စိတ်တိုနေမလားဟူ၍ သူ့မျက်နှာအား
မကြာခဏ အကဲခတ်နေမိသည်။ရှူတင်ခဏနားချိန်တွင် သူက
ဥက္ကာနား ရောက်လာကာ.."ဒီအပိုင်းကို တစ်ချက်လောက်
အတူပြောကြည့်ရအောင်.."ရှိန်းထိုက်ဟာ ဝါရင့်သရုပ်ဆောင်
တစ်ယောက်နှယ် ဥက္ကာအား
အခက်အခဲမရှိရလေအောင်
စတင်သင်ကြားပေးလေတော့သည်။သူနှင့်အတူ ရှူတင်နောက်ကွယ်မှာလေ့ကျင့်ပြီး
အနည်းငယ် အသားကျသွားတော့မှ၊
ရှူတင်ကို ပြန်စခွင့်ရသည်။ထိုတော့မှ တစ်ဖြည်းဖြည်း
အဆင်ပြေချောမွေ့လာကာ.၊
လာခွန်း၏ ဇာတ်ကောင်စရိုက်အား
သွင်းနိုင်လာလေသည် ။ရှိန်းထိုက်ကိုလည်း ရှိန်းထိုက်ဟုမမြင်တော့ပဲ
အန်ဆန်းမဟော်ဟုမြင်လိုက်မှပင်၊
သရုပ်ဆောင်ရတာ ပို၍ လွယ်ကူလာလေသည်။