Zawgyi
ရှိန်းထိုက်အား ညနေ သွားကြိုချိန်တွင်
နေသူ ဆိုင်ထဲ ဝင်လာတော့ နွေး၏
မျက်နှာမှာ သိသိသာသာ ပျက်ယွင်းကာ
နေသည်။ ဖြစ်ပေါ်နေသော ကောလဟာလဒဏ်ကို
သူမလည်း အနည်းနဲ့ အများတော့ ခံရမည်သာ။"နွေး...၊ ဘယ်အချိန်ပြန်မှာလဲ..?
ရှိန်းထိုက်ကို ပြန်ပို့ပြီး
ကို ပြန်လာခဲ့မယ်...၊
ညစာ အတူသွားစားမယ်လေ.."ဟုပြောတော့ နွေးက ပြုံးကာ..
"၆နာရီလောက်တော့ ပြန်မယ် နေသူ..၊
အဲ့တာဆို နွေး ကားကို ပြန်လွှတ်လိုက်မယ်နော်.""အင်း ပြန်လွှတ်လိုက်.. ၊
ကို ရှိန်းထိုက်ကို ပို့ပြီးတာနဲ့
ပြန်လာခဲ့လိုက်မယ်..""အင်း.."
နွေး၏ ဖျော့တော့သော အပြုံးလေး
ကြောင့် နေသူ စိတ်မကောင်းလှ။
ဘယ်သူက ဘယ်လိုစိတ်မျိုးနှင့်
ဖန်တီးလိုက်သည် မသိသည့်
ထိုကောလဟာလကို နေသူ
လုံးဝ မယုံကြည်သလို၊ နွေးကိုသာ
အပြည့်အဝ ယုံကြည်ပြီး ဖြစ်သည်။
နွေးသည် ထိုသို့သော မိန်းကလေးတစ်ယောက်
လူံးဝ မဟုတ်ပေ။ရှိန်းထိုက်နှင့် အတူ ကားပေါ် ရောက်တော့....
"အကို့ကို ဘယ်နေ့လောက်
အဖြေပေးနိုင်မလဲ...?"ဟူ၍ မေးလိုက်တော့ ရှိန်းထိုက်က
နေသူ့အား ကြည့်လာကာ.."ကျွန်တော် စဉ်းစားပြီးပြီ...."
ဟင်..! သူက စဉ်းတောင်စဉ်းစားပြီးပြီတဲ့..
ဒီလောက် မြန်မြန် စဉ်းစားလိုက်တယ်ဆိုတော့၊
သူ့ဆီက အငြင်းစကား ထွက်လာမှာကို
စိုးရိမ်မိသည်။သူဆက်ပြောလာမည့် စကားအား
နေသူ စောင့်နေချိန်တွင်...."လုပ်မယ်...၊ "
ရှိန်းထိုက်၏ တုံးတိ နိုင်လှသော စကားက
နေသူ့အား အမှန်တကယ် ဝမ်းသာမှုကို
ပေးစွမ်းသည်။"မင်း တကယ် သေချာပြီလား..?"
"အင်း...."
"ဒါဆို မင်း ငါတို့နဲ့ စာချုပ်ချုပ်ရမယ်..၊
စာချုပ်ပါ အချက်တွေ မင်းကို
ငါပို့ထားမယ် ညကျရင် ဖတ်ထားလိုက်ပါ..၊
မင်း ဖုန်းနံပါတ် ငါ့ကိုပေး..."