Part-32

7.5K 610 8
                                    

Zawgyi

"ဂျစ် သိပြီးပြီလား..??"

ဥက္ကာ၏ အမေးကို သူက ပြုံးလျှက်နှင့်ပင်၊
ခေါင်းညိတ်ပြီး...

"အင်း.." ဟုဖြေလေသည်။

"အဆင်ပြေရဲ့လား.....?"

သူက မိမိချစ်သူပင် ဖြစ်သော်လည်း၊
သူချစ်ခဲ့သည့် အခြားတစ်ယောက်
လက်ထပ်သွားမှာကိုအဆင်ပြေရဲ့လားဟု
မေးနေမိတာဟာ တကယ်ကို ဆိုးရွားသည့်
အခြေအနေ တစ်ခုပင် ဖြစ်သည်။

"ဘာလို့ အဲ့လိုမေးတာလဲ...?၊
ကျွန်တော်က ဘာလို့ အဆင်မပြေရမှာလဲ..?"

"မင်း သူ့ကို ချစ်နေတာလေ....."

ဥက္ကာ၏ စကားကြောင့် ရှိန်းထိုက်၏
မျက်နှာတစ်ခုလုံး ဒေါသတို့နှင့် နီမြန်းလာကာ..

"ပိုင်..!!၊ ပိုင် ဘယ်လိုပြောလိုက်တာလဲ....??
ကျွန်တော်ချစ်တာ ပိုင့်တစ်ယောက်တည်းကိုပဲလို့
ကျွန်တော် ပြောပြီးပြီလေ..."

ဥက္ကာ ခေါင်းကို ငုံ့လိုက်မိသည်။

"ကို့တစ်ယောက်တည်းကိုပဲ
မင်းချစ်တယ်ဆိုရင်..၊
မင်းသူ့ကို ကြည့်နေတဲ့ အကြည့်တွေရဲ့
အဓိပ္ပာယ်က ဘာလဲ.. ?၊
ဒီနေ့ အလုပ်ကိစ္စမရှိပဲနဲ့
သူနဲ့ အတူနေခဲ့တာကရော ဘာသဘောလဲ..?"

ဥက္ကာထိုသို့ ကလေးဆန်စွာ၊
ပြဿနာ မရှာချင်သော်လည်း၊
ရှိန်းထိုက် လိမ်ညာနေသည်ဟု
ခံစားနေရသည်။

အရင်က သူ ကိုးကိုပဲ ချစ်ပြီး၊
ဥက္ကာအား မချစ်ဖူးဟု ပြောခဲ့တာ
ပို၍ ခံသာပေလိမ့်မည်။
အခု ဥက္ကာကိုပဲ ချစ်တာပါလို့ ပြောပြီး
အပြုအမူတွေက လိုက်မှ မလာခဲ့တာ။

"ပိုင် အဲ့ကိစ္စကို မကျေမနပ်ဖြစ်နေတာလား.?"

" မကျေမနပ်ဖြစ်နေတာ မဟုတ်ဘူး...၊
မင်းညာနေတယ်လို့ ကို ခံစားနေရတာ...၊
မင်း ကို့အနားမှာ ရှိနေရင် ဖြစ်ပြီ လို့
ကိုပြောခဲ့သားပဲ...၊မင်း ဘာလုပ်လုပ်
ခွင့်လွှတ်ပေးမယ်..၊ သည်းခံပေးမယ်လို့
ကိုယ် ဂတိပေးခဲ့တယ်လေ..၊
ဒါပေမယ့် မင်းမညာပါနဲ့ ရှိန်းထိုက်..၊
မင်း သူ့ကို ချစ်နေသေးတယ်ဆိုလည်း ရပါတယ်..၊
ငါ ဘာမှ မပြောပါဘူး....၊
ကျေးဇူးပြုပြီး ညာတော့ မညာပါနဲ့...."

မုသားဟု ဆိုရာ၌Where stories live. Discover now