zawgyi
ရှိန်းထိုက်အား ညနေ လာကြိုစဉ်တွင်၊
နွေးအား ညစာလိုက်စားရန် နေသူ
ခေါ်ဖြစ်သည်။မသွားခင် နွေးက နေသူတို့နှင့်
အဝေးတစ်နေရာတွင် ဖုန်းသွားပြောနေတာကြောင့်၊
မအားများ မအားဘူးလားဟုတွေးလိုက်ကာ၊နေသူ့နား နွေးပြန်ရောက်လာစဉ်၊
"နွေး သွားစရာရှိလို့လား...?
သွားစရာ ရှိရင်သွားနော် ၊
ကို့ကို အားမနာနဲ့...""မဟုတ်ဘူး...၊ နေ့လယ်က အဲရစ်စ် က
ညစာစားဖို့ ခေါ်ထားလို့...၊
မလိုက်ဖြစ်တော့တာ လှမ်းပြောတာ...""ဪ..."
အဲရစ်စ် ဆိုသည့် အသံ ကြားတာနှင့်
နေသူ စိတ်ပူသလို ခံစားရသည်။
နွေးကို ဖွင့်မပြောဖြစ်သေးသော်လည်း
အဲရစ်စ် နောက်ပါသွားမှာတော့ မလိုလားပါ။
ထို့ကြောင့် နွေးကို အရမ်းအဝေးကြီးမှာ
ထားလို့ မဖြစ်တော့ဘူးဆိုတာကို နေသူ
သိလာသဖြင့်၊ ပို၍နီးရအောင်
ကြံနေမိရင်း ညစာစားဖို့ ခေါ်လိုက်ခြင်းဖြစ်သည်။"ရှိန်းထိုက်ကို အိမ်အရင် ပြန်ပို့ပေးလိုက်မယ်၊
နွေး ဗိုက်ဆာပြီလား..?"ဟု နွေးကိုမေးတော့ နွေးက ခေါင်းခါကာ
"မဆာသေးပါဘူး၊ ရတယ် ကလေးကို
အရင်ပို့ပေးလိုက်လေ၊"နွေးက ရှိန်းထိုက်အား ကလေးဟူသည့်
နာမ်စားသုံးလိုက်ချိန်တွင် ဘာကြောင့်ရယ်မသိ
နေသူ ပြုံးမိသွားသည်၊ ရှိန်းထိုက်ဟာ
နေသူတို့ထက် ဆယ်နှစ်လောက် ငယ်သော
ကလေးတစ်ယောက်ဆိုတာကိုပင်
မေ့နေလောက်အောင် သူ့အပြုအမူတွေက
မာကျောနေသည်လေ။"ကျွန်တော်လည်း လိုက်မယ်..."
"ဟင်..!"
ထူးထူးခြားခြား အသံထွက်လာသည့်
ရှိန်းထိုက်အား နေသူ အံ့ဩတကြီး
လှမ်းကြည့်လိုက်တော့
စာသင်ခန်းထဲမှ ထွက်လာသော
သူ့မျက်နှာက အရင်အတိုင်းပင်
တည်လျှက်...၊"လိုက်ခဲ့လေ၊ရှိန်းထိုက်..၊
မမ မုန့်ဝယ်ကျွေးမယ်..."ဟု နွေး ပြောလိုက်ပေမယ့်၊
ရှိန်းထိုက်က နည်းနည်းမှတောင်
ပြန်လည် အသိအမှတ်ပြုခြင်းမလုပ်ပဲ။
ဆိုင်ထဲမှ တစ်ယောက်တည်း ဦးအောင်
အရင်ထွက်သွားလေသည်။