Zawgyi
ညဘက် ရှိန်းထိုက် နှင့် ဥက္ကာတို့
နှစ်ယောက်အတူ ခြံထဲတွင် လမ်းလျှောက်
ဖြစ်ကြသည်။သူ ငှားထားသည့် အိမ်က တစ်ထပ်အိမ်
လုံးချင်းလေး ဖြစ်သလို၊
ခြံဝင်းက ကျယ်လှတာကြောင့်၊
သီးသန့်ဆန်သည်။ ဘေးတွင် အိမ်ခြေ
အနည်းငယ်သာရှိပြီး၊ တိတ်ဆိတ်လို့ နေသည်။"ဒီလိုနေရာမှာ တစ်ယောက်တည်း
လာနေဖို့ စဉ်းစားသေးတယ်နော်....၊
တော်သေးတာပေါ့၊ အိမ်ထဲမှာ မူးလဲ မနေလို့...၊ "ရှိန်းထိုက် ထိုသို့ပြောပြီး ရင်မောရလေသည်။
သူသာ အပြင်မှာ မူးလဲခဲ့တာ မဟုတ်ပဲ၊
အိမ်ထဲမှာသာ တစ်ယောက်တည်း မူးလဲ
နေပါလျှင် မတွေးရဲစရာပင်။
ကံတရားကို ကျေးဇူးတင်ရမည်သာ။"ဒီနေရာမှာ နေရင် ဘယ်သူမှ
ရှာမတွေ့နိုင်ဘူးလို့ ထင်လို့လေ...."သူစကားကြောင့် ရှိန်းထိုက် စိတ်တိုမိလေသည် ။
"နောက်ဆို ၊ အဲ့လို ရှာမတွေ့နိုင်တဲ့ နေရာကို
ထွက်မသွားတော့ဘူးလို့ ဂတိပေးပါ....""ရှိန်းထိုက် သူ့ရှေ့တွင် ပိတ်ရပ်လိုက်ကာ
ထိုစကားကို ဆိုမိတော့၊
သူက ပြုံးသွားလေသည်။
သို့သော် ဂတိတော့ မပေးပေ။"ပေးလေ......!"
"ကိုယ် မတည်နိုင်သေးတဲ့ ဂတိကို
မပေးချင်ဘူး ဂျစ်.."သူ့စကားကြောင့် ရှိန်းထိုက်
မျက်မှောင်ကြုတ် မိလျှက်သား..."ဘာစကားကြီးလဲ..?၊ ပိုင်က ကျွန်တော့်နားက
ထပ် ထွက်သွားဖို့ စဉ်းစားနေတာလား..??"ရှိန်းထိုက် စိုးရိမ်တကြီးမေးမိတော့၊
သူက ခေါင်းကို ခါကာ..."မစဉ်းစားပါဘူး......"
"ဒါဆို ဘာလို့ အဲ့စကားကို ပြောရတာလဲ.? ၊
ဘာလို့ အဲ့ဂတိကို မတည်နိုင်ရတာလဲ...??"သူ ဘာမှ ပြန်မဖြေပါ။ ခေါင်းကို ငုံ့သွားပြီး....
"ကို မင်းကို တစ်သက်လုံး စောင့်ရှောက်
နိုင်မယ်ဆိုတာ မသေချာဘူး......"မိမိအား မျက်နှာလွှဲကာ ခေါင်းငုံ့လျှက်ပင်
ပြောနေသော သူ့စကားက ရှိန်းထိုက်အား
ရင်မောသွားစေသည်။