Part-38

7.7K 625 27
                                    

Zawgyi

မင်္ဂလာပွဲကျင်းပရန် သုံးရက်သာ လိုတော့
တာကြောင့်၊ နွေးတစ်ယောက် အရမ်းကို
စိတ်လှုပ်ရှားနေမိသည်။

နောက်ဆုံးတော့ မိမိချစ်ရသူကို ပိုင်ဆိုင်ခွင့်
ရပေတော့မည်။

ယခုလည်း နွေးနှင့် နေသူတို့ နှစ်ယောက်
အတူ နေကြရမည့် အိမ်သို့ ရောက်ကာ၊
ပြင်ဆင်စရာ ရှိတာများကို ပြင်ဆင်လို့
ပြီးခါနီးလေး ဖြစ်သည်။

ညီမလေး စုစု နေရမည့် အခန်းလေးကိုလည်း
သူမ အကြိုက်များသာ လုပ်ပေးထားကာ၊
နေသူကလည်း နွေးဖြစ်စေချင်သလိုပင်
အားလုံး ဖြည့်ဆည်းပေးရှာသည်။

"နွေး...၊ ကိုယ်တို့ ပြန်ရအောင်လေ..၊
နွေး ဒီရက်ပိုင်း အိပ်ရေးဝဝ အိပ်သင့်တယ်:.."

နေသူက နွေး ပုခုံးလေးကို ကိုင်ကာ
လာပြောလိုက်တာကြောင့်၊ နွေးပြုံးလိုက်ကာ...

"ပြီးပါပြီ ကိုရဲ့..၊  ပြန်ကြမယ်လေ.."

အလုပ်သမားများလည်း အကုန် ပြန်ကုန်ကြပြီ
ဖြစ်တာကြောင့်၊ နွေးနှင့် နေသူလည်း အတူ
ပြန်လာဖြစ်ကြသည်။

ကားပေါ်တွင် နွေး ခဏ မှိန်းမည် ကြံစဉ်
viber အတွင်းသို့ sms တစ်စောင်
ဝင်လာလေသည်။

အမည်မသိလူဆီက ဝင်လာတာဖြစ်လို့
နွေး ဖွင့်မကြည့်မိ။ သို့သော် နောက်ဆက်တွဲ
ရောက်လာသော စာကြောင့် ၊
ဖွင့်မကြည့်လို့ မရတော့ပေ။

"ခင်ဗျား ညီမအရှက်ကို
တန်ဖိုးထားတယ် ဆိုရင်..၊
ဒီဖုန်းကို ဆက်ပါ..."

နွေး ချက်ချင်းပဲ ထို ထဲသို့ ဝင်ကြည့်လိုက်စဉ်၊
မြင်လိုက်ရသော ဓာတ်ပုံ တစ်ပုံကြောင့်
မင်သက် ဆွံ့အသွားမိသည်။

စုစုအား ကုတင်ပေါ်တွင် အတွင်းခံသာ
ဝတ်ထားလျှက်၊တွေ့နေရခြင်းဖြစ်သလို၊
ထိုကုတင်ပေါ်တွင် နောက်ထပ် အပေါ်ပိုင်း
အဝတ်ဗလာနှင့် ယောက်ျားသားတစ်ယောက်
လည်း  ရှိနေသေးသည်။

စုစု၏ ပုံမှာအထင်းသား ဖြစ်နေပေမယ့်၊
စုစုနှင့် အတူရှိနေသာ အမျိုးသားကိုတော့
နောက်ကျောသာ မြင်နေရလေသည်။

မုသားဟု ဆိုရာ၌Where stories live. Discover now