Part-10

7.8K 705 4
                                    

Zawgyi

အောက်သို့ရောက်တော့
ပန်းခြံလျှောက်လမ်းအတိုင်း
သူလျှောက်နေသည့်ဘေးမှ ဥက္ကာ
လိုက်လာခဲ့ပြီး..

"ဒါနဲ့... မင်းက ကျန်းမာရေး
တော်တော်လိုက်စားတာလား..?၊
အိမ်မှာလည်း ညတိုင်းနီးပါး
လမ်းလျှောက်သလိုပဲ..."

ဟု ပြောတော့ သူက ဘာဆိုဘာမှ ပြန်မဖြေ၊
ဆက်၍သာ လျှောက်နေသည်။
သူ ဥက္ကာတို့အိမ်မှာနေတုန်းက
ညညဆို ခြံထဲ လမ်းလျှောက်လျှောက်နေတာ
မကြာခဏ တွေ့ရသည်လေ။

"အဲ့လို အကျင့်ရှိတာတော့ ကောင်းပါတယ်...၊
ငါ့အဖေဆို မနက်စောစောထပြီး
အမြဲလမ်းလျှောက်တယ်၊
အစကတော့ ငါ့ကို နှိုးပြီးအတင်းခေါ်တယ်၊
နောက်တော့ ခေါ်မရတာနဲ့ လက်မြှောက်
အရှုံးပေးသွားတာ....၊
ခုတော့ မနက်တိုင်း သူ့ဘာသာ
တစ်ယောက်တည်း လမ်းလျှောက်နေလေရဲ့.."

ဘာလို့များပါလိမ့်၊ ရှိန်းထိုက်မဟာအား
အလာပ သလာပ တွေ ပြောနေမိတာ
ရေဖက်မဝင်။ သူနဲ့ ပြောနေရတာ
မိမိကိုယ်ကို ဝိညာဉ်တစ်ကောင်လို
ခံစားရလာသည်။ ပြန်လည် တုံ့ပြန်မှု
အလျင်းမရှိ။

"အဟမ်း...."

ကိုယ့်ဘာသာ ကိုယ်ပြန်ရှက်လာသဖြင့်၊
ချောင်းတစ်ချက်ဟန့်လိုက်တော့..

"ကိုနေသူနဲ့ မနွေးနဲ့က
ဘယ်လို ပက်သက်တာလဲ..?"

သိပ်မဆိုင်သော မေးခွန်းတစ်ခု
ရှိန်းထိုက်ဆီမှ ထွက်ပေါ်လာတာကြောင့်
ဥက္ကာ ကြောင်သွားချိန်..

"ရည်းစားတွေလား...?"

ဟူ၍ ထပ်မေးလေသည်။

"ဘာလို့လဲ..? မင်းက မနွေးကိုများ
စိတ်ဝင်စားနေလို့လား..?"

"ကျွန်တော် မေးတာကိုသာ ဖြေပါ..."

သူက လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ
ဥက္ကာ၏ အဖြေကို စောင့်နေတာကြောင့်၊

"ရည်းစားတွေတော့ မဟုတ်သေးဘူး...၊
ဒါပေမယ့် မကြာခင် ဖြစ်တော့မှာ၊
သေချာတာတော့ တစ်ချိန်ချိန်မှာ
ကိုးလက်ထပ်မယ့် မိန်းကလေးက
မမနွေးပဲ...."

ဥက္ကာ၏ အဖြေအား ရှိန်းထိုက်က
စဉ်းစားနေဟန်နှင့် တွေဝေနေသည်။
သူ တကယ်ပဲ မမနွေးကိုများ
စိတ်ဝင်စားမိသွားတာလား.?။

မုသားဟု ဆိုရာ၌Where stories live. Discover now