Part-21

7.3K 666 23
                                    

Zawgyi

ညစာ ထမင်းစားချိန် ရှူတင်နားတော့မှ
ညီဖြစ်သူ ဥက္ကာအား တစ်နေကုန်
မတွေ့ရသေးတာ နေသူ သတိရလေသည်။

"ဥက္ကာရော...?"

ဟူ၍ ဘယ်သူ့ကိုရယ်မှ မဟုတ်
မေးလိုက်တော့ ပြည့်စုံက...

"ဥက္ကာက ဒီနေ့ သူ့ကောင်မလေး
ရောက်လာလို့ အပြင်ခဏထွက်သွားတယ်...၊
ကျွန်တော်လည်း နားအေး ပြီးရော ဆိုပြီး
လွှတ်လိုက်တယ်...၊
ဆရာ့ညီအကြောင်း ဆရာသိပါတယ်..၊
မရမခြင်း ထိုင်ဂျီနေတာ..၊
သူလည်း ရှူတင်မရှိဘူးဆိုတော့...
လွှတ်လိုက်တာ.."

ပြည့်စုံက နေသူ ဆူမှာစိုး၍ထင်သည်။
အများကြီး ရှင်းပြနေလေသည်။
တကယ်တော့ ရှူတင်ပိတ်ရက်မဟုတ်လျှင်
အပြင်ထွက်ခွင့်မရှိပါ။
ပြည့်စုံက နေသူ့ညီမို့လို့ အနည်းငယ်
အခွင့်ရေးပေးကာ လွှတ်လိုက်ခြင်းဖြစ်မည်။

နေသူ ခေါင်းညိတ်လိုက်ရင်း..

"ည ၁၀နာရီ မကျော်ခင် ပြန်လာဖို့
ပြောလိုက်... "

"ဟုတ်ကဲ့..."

ပြည့်စုံက ချက်ချင်းပင် ဥက္ကာအား
ဖုန်းသွားဆက်နေပုံရသည်။

.......

"ဥက္ကာမှာ ကောင်မလေး ရှိတယ်လား..?"

ဒွယ်ရှင်းနီဆိုသော မိန်းကလေးက
ကျော်စွာ့အား ကပ်ပေးလိုက်ချိန်တွင်
ရှိန်းထိုက်လည်း နားစွင့်နေမိသည်။

ကိုပြည့်စုံပြောသွားသော စကားထဲတွင်
ဥက္ကာ ကောင်မလေးဆိုသော စကားတစ်ခွန်းက
တကယ်ကို ကြားရတာဆိုးရွားလွန်းလှသည်။

"ကျွန်တော်လဲ မသိဘူး... ၊
သူက နဂိုတည်းက ရည်းစားရှုပ်တယ်လို့တော့
သိထားတယ်...."

ဟူ၍ ကျော်စွာ ဖြေလေသည်။
ရှိန်းထိုက် ဘယ်လိုမှ ထမင်းကိုဆက်စား၍
မရနိုင်တော့တာကြောင့် ထိုင်နေရာမှ
ချက်ချင်းထလိုက်ကာ..
အပြင်သို့ ထွက်မည် လုပ်တော့..

"ရှိန်းထိုက်..? မစားတော့ဘူးလား..?"

ကိုနေသူမေးလိုက်သော မေးခွန်းကိုတောင်
ဖြေချင်စိတ်မရှိ။
ဒီတိုင်းသာ ထွက်လာခဲ့ဖြစ်သည်။

မုသားဟု ဆိုရာ၌Where stories live. Discover now