Part-16

7.3K 681 55
                                    

Zawgyi

"အဲ့သီချင်းကို နားထောင်ပြီး
နှင်းပန်းကို ချစ်ရမယ်ဆိုတဲ့ feeling လေး
ထည့်ထားပေး..."

မကြာခင်မှာ မိန်းကလေးတစ်ယောက်ကို
ချစ်ခန်းကြိုက်ခန်း သရုပ်ဆောင်ရတော့မည့်
ရှိန်းထိုက်အား သီချင်းတစ်ပုဒ်ပေးနားထောင်ကာ
အချစ်တစ်ခုကို ခံစားမိအောင်
သင်ပေးနေသော်လည်း သူကတော့
မျက်နှာသေနှင့်၊ ခံစားချက်မရှိသူပမာ
ဖြစ်နေလေသည်။
ဂျစ်ကန်ကန်နှင့် ထီမထင်ပုံ
သရုပ်ဆောင်တာ သူ့အတွက်
လွယ်နိုင်ပေမယ့်၊ ကိုယ့်ချစ်တဲ့
လူအပေါ်မှာသာ ကွက်ပြီး နူးညံ့ပြရမည့်
ဇာတ်ရုပ်ကို သရုပ်ဆောင်သည့် အခါ
အခက်အခဲရှိလာနိုင်သည်။

မိမိဖုန်းထဲမှ သီချင်းအား
သူနဲ့ အတူ နားထောင်နေရင်း...၊
သီချင်းဆူံးသွားသော အခါ..

"မင်းမှာ စိတ်ဝင်စားနေတဲ့လူ
တစ်ယောက်ယောက်ရှိလား...?"

နေသူ့အမေးကို သူက
နေသူ့ကို ကြည့်လာကာ ခေါင်းညိတ်ပြပြီး

"ဟုတ်.. ရှိတယ်..."

ဟု ဖြေလိုက်တာကြောင့်၊ အံ့အားသင့်သွားရသည်။
ဘယ်သူလဲ ဟူ၍ မေးရန်
မသင့်တော်တာကြောင့် မမေးဖြစ်ပဲ..

"အင်း ဒါဆို ပန်းရိပ်နဲ့ သရုပ်ဆောင်ရင်
ပန်းရိပ်ကို မင်းစိတ်ဝင်စားနေတဲ့
လူတစ်ယောက်လို သဘောထားပြီး
သရုပ်ဆောင်ရမယ်...  ကြားလား..?"

"ဟုတ်...၊ ကိုနေသူ.....
ခုချိန်မှာ အလုပ်အကြောင်းကို
သူံးမိနစ်လောက် ခဏမေ့ထားပြီး
ကျွန်တော် နားထောင်ခိုင်းတဲ့ သီချင်းလေး
နားထောင်ကြည့်ပါလား...?"

ရှိန်းထိုက်၏ အပြောကြောင့် ၊ နေသူ
စိတ်ဝင်စားစွာဖြင့်....

"ဘာသီချင်းလဲ..? ပေးလေ..
နားထောင်ကြည့်မယ်.."

သူက နေသူ့ဖုန်းမှ နားကြပ်အား
သူ့ဖုန်းတွင် တပ်လိုက်ကာ...
သီချင်းတစ်ပုဒ်ကို စတင်ဖွင့်လေသည်။

အဆိုတော် 'မေ..'  ပြန်လည်သီဆိုထားသည့်
'မင်းလေးကို ချစ်လို'့ ဟူသည့်
သီချင်းဟောင်းလေးကို သူဖွင့်ပြနေခြင်းဖြစ်သည်။

ထိုသီချင်းအား နားထောင်ရင်း
ဘာကြောင့် နားထောင်ခိုင်းတယ်
မသိတာကြောင့်၊ သီချင်းဆုံးလျှင်
သူဆက်ပြောလာမည့် စကားကို
စောင့်ဆိုင်းနေလိုက်သည်။

မုသားဟု ဆိုရာ၌Where stories live. Discover now