Part-29

7.3K 622 9
                                    

Zawgyi

"သေစမ်း..!!!"
"သေစမ်း....!!!!"
"ဟားဟား...ဟား...ဟား....!!"

ကြောက်မက်ဖွယ် အကြည့်တို့နှင့်
မိမိ၏ လည်ပင်းအား သူ၏ လက်နှစ်ဖက်နှင့်
တင်းကျပ်စွာ ဆုပ်ကိုင်ထားသူ ။
လာခွန်း..!။
သူ၏ အမူအရာတို့က သွေးပျက်ခြောက်ခြားဖွယ်ရာ
ကောင်းလွန်းလှသည်။

လည်ပင်းကို ဆုပ်ကိုင်ထားလျှက်ပင်
မိမိအား ချောက်ကမ်းပါးရှိရာသို့
အားအင်အပြည့်နှင့် တွန်းထိုးလိုက်လေသည်။
ချောက်ကမ်းပါးအစွန်းတွင် ခြေတစ်ဖက်
ထောက်မိချိန်တွင်တော့ သူလက်တို့က
ညှာတာခြင်းကင်းမဲ့စွာ မိမိလည်ပင်းမှ
ဖယ်ခွာသွားလေသည်။
သူလွတ်ထွက်သွားတာနဲ့မိမိသည်လည်း
အရုတ်ကြိုးပြတ် လေဟာနယ်ထဲသို့....

"အန်ဆန်း....!!"

အဝေးတစ်နေရာမှ ခပ်ရေးရေး ကြားလိုက်ရသော
နှင်းပန်း၏ ဝမ်းနည်းပူဆွေးမှုများ
ရေစွတ်နေသော အသံတစ်ခု။

ထိုအသံနှင့်အတူ ရှိန်းထိုက်ဟာလည်း
တောင်စောင်းအောက်တွင် ကြိုခင်းထားနှင့်သော
လေအိတ်အိအိတွေပေါ်သို့ ခြေပစ်လက်ပစ်
လဲကျလေသည်။

"ဒိုင်း...!!!"

သေနတ်သံတစ်ချက်ကို ကြားလိုက်ရပြီးနောက်.။

"ကဒ်...!!"

ဆိုသည့် ကိုနေသူ့အသံက အားရဖွယ်ရာ
ထွက်ပေါ်လာလေသည်။
ပြုတ်ကျလျှင်မနာအောင် ခင်းပေးထားသော
လေအိတ်တွေပေါ်က ရှိန်းထိုက်
မနည်းရုန်းထနေရချိန်.၊ မိမိထံသို့ အလျှင်အမြန်
ပြေးကာ ရောက်ရှိလာသော ဥက္ကာကြောင့်
ပြုံးမိသေးသည်။

သူက ရှိန်းထိုက်အား လာထူရင်း.

"ဘာဖြစ်သွားသေးလဲ...?"

ဟူ၍ မေးစဉ်....ရှိန်းထိုက် ဘာမှ
ပြန်မပြောရသေးခင်မှာပင်...

"ဥက္ကာ.. ပြန်တက်ခဲ့စမ်း..!!
မင်းအခန်းမပြီးသေးဘူး.."

ဟူသော ကိုနေသူ့အသံကြီးက
ဟိန်းထွက်လာလေသည်။

နောက်ဆုံးတွင် နှင်းပန်းက လာခွန်းအား
သေနတ်နှင့် ပစ်သတ်လိုက်သော အခန်းအား
ရိုက်လို့မပြီးသေး။
လာခွန်းသည်လည်း အန်ဆန်းမဟော်
ပြုတ်ကျသွားသောဒီတောင်စောင်းကပင်
ပြုတ်ကျသေဆုံးမည် ဖြစ်သည်။

မုသားဟု ဆိုရာ၌Where stories live. Discover now