Zawgyi
တစ်စုံတစ်ယောက်က မိမိလက်အား
ဆုပ်ကိုင်ကာစကားတွေ ပြောနေသည်ဟူသော
ခံစားချက်နှင့်အတူ၊ ဥက္ကာမျက်လုံးအား
ဖြည်းဖြည်းချင်းဆီ ဖွင့်ကြည့်မိသည်။
ထိုဆုပ်ကိုင်ထားသည့် နွေးထွေးသည့်
လက်မှာ မိမိချစ်ရသူ ထိုကောင်လေး၏
လက်အစုံဖြစ်နေပြီး၊ သူ့မျက်ဝန်းတွင်
မျက်ရည်စတို့ ဝေ့ဝဲနေသည်ကိုပါ
တစ်ပါတည်း တွေ့လိုက်ရလေသည်။"ရှိန်းထိုက်....."
တိုးညင်းစွာ ခေါ်လိုက်သော အသံ၏
အဆုံးတွင် ရှိန်းထိုက်က နေရာမှ ထကာ."သတိရလာပြီလား..?၊ ခဏ..
ကျွန်တော် ဆရာဝန် သွားခေါ်လိုက်ဦးမယ်..."ဟူ၍ ပြောကာ ထသွားမည် အလုပ်၊
သူဆုပ်ကိုင်ထားသော မိမိလက်အား
လွှတ်မပေးပဲ၊ ပြန်လည်တင်းကျပ်စွာ
ဆုပ်ကိုင်လိုက်ရင်း..."ခဏလေး..."
သူက ဥက္ကာပြောလာမည့် စကားကို
စောင့်ဆိုင်းနေပုံရသည်။"မင်းခြေထောက်...၊ "
ဥက္ကာ လှဲနေရာမှ မထနိုင်သော်လည်း၊
ရှိန်းထိုက်၏ ခြေထောက်ဒဏ်ရာအား
စိုးရိမ်တကြီး ငုံ့ကြည့်မိတော့..၊ သူက ပြုံးကာ."ကျွန်တော့်ခြေထောက်က သက်သာနေပါပြီ..၊
ခင်ဗျားသတိမေ့နေတာ သူံးရက်လောက်ရှိနေပြီ..၊
အဲ့တာကို သိလား..?၊ ကျွန်တော့်အနာက
ကျက်တောင် ကျက်နေပြီ..."သုံးရက်.?
ဥက္ကာမေ့နေတာ သူံးရက်တောင်
ရှိသွားပြီတဲ့လား.?။"နေဦး...၊ ဆရာဝန် အရင်ခေါ်မှ ရမယ်..."
ဒီတစ်ခါတော့ ရှိန်းထိုက်ထွက်သွားတာကို
ဥက္ကာ မတားမိတော့။ခဏကြာတော့ ရှိန်းထိုက်က ဆရာဝန်တစ်ယောက်နှင့်
အတူ ဝင်လာသလို၊ နောက်တွင်လည်း
ကိုးနှင့် ကိုပြည့်စုံပါ ပါလာလေသည်။ဆရာဝန်က မိမိအား စစ်ဆေးစရာရှိတာ
စစ်ဆေးပြီးတဲ့နောက်တွင်.၊
ကိုးနှင့်သာ စကားထပ်ပြောပြီး အပြင်သို့
ထွက်သွားကြလေသည်။အခန်းထဲတွင် ကိုပြည့်စုံ နှင့် ရှိန်းထိုက်
နှစ်ယောက်သာ ဥက္ကာနှင့် အတူ ကျန်ခဲ့လေသည်။