Part-17

7.2K 681 33
                                    

Zawgyi

"ကဲ.. လူတွေ စုံတုန်း ဂိမ်းလေးတစ်ခု
ကစားကြမယ်..."

မီးပုံပွဲကျင်းပသည့် အိမ်တွင်
သရုပ်ဆောင်များနှင့် ကျန်သည့်
အဖွဲ့သားများ အကုန်စုံနေကြချိန်၊
ကိုပြည့်စုံက ပွဲစည်အောင် စကားစလေသည်။
မခင်လေးကလည်း ဥက္ကာနှင့် ကိုးအား
အတင်းလာခေါ်ကာ ဂိမ်းထဲ ပါခိုင်းလေသည်။

သရုပ်ဆောင်များ အကုန်လူံး
ဂိမ်းထဲတွင် ပါဝင်လာတာကြောင့်၊
ရှိန်းထိုက်အား လိုက်ရှာမိတော့၊ သူလည်း
မိုးတိုးမတ်တပ်နှင့် ကျော်စွာဆွဲသည့်နောက်
ပါလာပုံရသည်။

သူတောင် ပြောင်းလဲနေပြီပဲ၊
အရင်ကလိုသာဆို မချေမငံနှင့်
အတင်းရုန်းကာထွက်သွားမည် ဖြစ်သော်လည်း
ခုကျတော့အလိုက်သင့်ပင် ပါဝင်လာလေသည်။

"ကစားရမယ့် ကစားနည်းကတော့
ရိုးရှင်းပါတယ်...၊
ဟိုမှာတင်ထားတဲ့ ပစ္စည်းလေးတွေကို
ပါးခြင်းကပ်ပြီး ဒီဘက်ကို ရောက်အောင်
ယူလာရမှာပဲ ဖြစ်ပါတယ်....၊
ပစ္စည်းလေးကတော့...
ဟုတ်ကဲ့.....  မြစ်ဆုံက ကျောက်ခဲလေးတွေပဲ
ဖြစ်ပါတယ် ခင်ဗျာ......"

စားပွဲတစ်လုံးပေါ်တွင် အစီအရီ
တင်ထားသော ကျောက်ခဲလေးတွေကို
တွေ့ရပြီး၊ ထိုစားပွဲနှင့် ပေ၂၀လောက်
အကွာတွင်တော့ ထိုကျောက်ခဲများ
ချရမည့် စားပွဲတစ်လူံးရှိနေလေသည်။

ကစားနည်းကလည်း ကျောချမ်းစရာပင်...။
သို့သော်... ဇာတ်လမ်းဆင်ချင်
ဆင်လို့ရမည့် အကွက်လေးတွေလည်း
ရှိနေလေသည်။

"ကဲ.. မဲလေးတွေ လာနှိုက်ကြပါ..
နံပါတ်စဉ်တူနေသူက တစ်ဖွဲ့ကျပါမယ်.."

ကိုပြည့်စုံက အလွန်ကို တက်ကြွနေပြီး၊
သူ့ကြောင့်ပင် အကုန်လူံး၏ စိတ်တွေလည်း
ပင်ပန်းမှုတွေ လျှော့ကျကုန်မည်ဖြစ်သည်။

တစ်ယောက်ချင်းစီ မဲနှိုက်ကြပြီးနောက်
ကိုပြည့်စုံက နံပတ်စဉ် အစဉ်လိုက်
ခေါ်လေတော့သည်။

ဥက္ကာကျသော မဲနံပါတ်မှာ ၈ ဖြစ်ပြီး
မည်သူနှင့် ကျမည်ဆိုတာကို
ရင်ခုန်စွာ စောင့်ဆိုင်းနေစဉ်..၊

"မဲနံပါတ် ၆ နှစ်ယောက်..  ဒီမှာ လာရပ်ပါ.."

ဟူသော ကိုပြည့်စုံ၏ အသံနှင့်အတူ
ကိုးက ရှေ့တွင် ထွက်ရပ်စဉ်တွင်၊
ကိုးနောက်က ပါသွားသူက
မခင်လေး ဖြစ်နေလေသည်။
သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ ရယ်နေသလို၊
ဥက္ကာတို့ ဘေးလူတွေတောင်
ပြုံးစိစိဖြစ်ကုန်ကြသည်။

မုသားဟု ဆိုရာ၌Where stories live. Discover now