Part-14

7.2K 711 23
                                    

Zawgyi

ဥက္ကာနှင့် ဒွယ်ရှင်းနီတို့ နှစ်ယောက်တည်း
ရှုတင် အဖွဲ့သားများနှင့် အဝေးတစ်နေရာတွင်
စကားပြောနေကြသည်ကို၊ နေရာတွင်
ရပ်ကာ မလှုပ်မရက် ငေးကြည့်နေသော
ရှိန်းထိုက်အား နေသူ အဝေးမှ လှမ်းမြင်နေရသည်။

ခဏအားလပ်ချိန်ဖြစ်တာကြောင့်၊ သူ့နားသို့
နေသူ လျှောက်သွားလိုက်ကာ
သူ့အား ရေဗူးတစ်ဗူး ထိုးပေးလိုက်ရင်း..

"တော်တယ် ရှိန်းထိုက်...၊
အကိုတို့ ဒီတိုင်းပဲ ဆက်သွားမယ်နော်....၊ "

ဒီနေ့  သူလုပ်ရမယ့် အလုပ်တာဝန်ကို
အမှားအယွင်းနည်းစွာ အောင်မြင်အောင်
လုပ်နိုင်လိုက်သော ရှိန်းထိုက်အား
နေသူ ချီးကျူးလိုက်တော့၊ ရှိန်းထိုက်က
ပြုံးကာ ၊ နေသူ ပေးသော ရေဗူးကို
လှမ်းယူလိုက်ရင်း...

"အကို ခဏနော်.."

ဟု ဆိုကာ ပစ္စည်းတွေထားသော
နေရာရှိ သူ၏ ကျောပိုးအိတ်ထဲမှ
တစ်စုံတစ်ရာကို ထုတ်နေလေသည်။
သူထုတ်လိုက်သော အရာက
အနွေးထည်တစ်ခု ဖြစ်ဟန်တူကာ၊
ထိုအရာကို ယူလာပြီး နေသူ့ထံ ထိုးပေးလေသည်။

"ရော့...."

သူကမ်းပေးသော အဖြူရောင် သိုးမွှေးထည်အား
နေသူလှမ်းယူလိုက်မှ၊ မာဖလာလေး
တစ်ခုဖြစ်နေတာကြောင့် အံ့သြသွားမိသည်။

"အကို့အတွက်ပေးချင်လို့ ဝယ်လာကာ...၊
အကိုက မာဖလာလည်း ပတ်တယ်ဆိုတော့
အတော်ပဲပေါ့..."

သူက မိမိလည်ပင်းတွင် ပတ်ထားသော
နွေးပေးထားသည့် မာဖလာလေးအား
ရည်ညွှန်းကာ ပြောလိုက်ခြင်းဖြစ်သည်။

နေသူ သူ့ထံမှ ပစ္စည်းတစ်ခုခုကို
လက်မခံချင်ပါ၊ ပုဂ္ဂိုလ်ရေးအရ
လက်ခံလျှင် ဘာမှ မဖြစ်ပေမယ့်၊
အလုပ်သဘောအရဆိုလျှင်၊
ဘေးတွင် လူတွေလည်း ရှိနေတာကြောင့်
တစ်မျိုးမြင်ကြမှာ စိုးရိမ်သည်။

ထို့ကြောင့် သူထံသို့ ပြန်ထိုးပေးလိုက်ကာ..

"အကို မယူပါရစေနဲ့ ရှိန်းထိုက်...၊
ကိုရဲ့ သရုပ်ဆောင် အသစ်တွေဆီက
ဘာပစ္စည်းမှ လက်မခံချင်လို့ပါ.."

နေသူထိုးပေးသော မာဖလာအား
ရှိန်းထိုက်က လှမ်းမယူပဲ....

"ကျွန်တော်က အကို့အတွက်
အကို့ရဲ့ သရုပ်ဆောင်သစ်တစ်ယောက်ထက်
တောင် မပိုဘူးလား....??

မုသားဟု ဆိုရာ၌Where stories live. Discover now