Part-22

7.3K 687 30
                                    

Zawgyi

မိမိတို့ရောက်နေသည့် ရွာလေးက
အစွန်အဖျားမှာရှိနေတာကြောင့်၊
အလွန်ခေါင်သည်ဟု ပြော၍ရသည်။
သို့သော်လည်း၊ အလွန်ကို သန့်ရှင်း
သပ်ရပ်ကာ၊ ဘာကတ္တာရာမှ
မခင်းထားသော မြေသားလမ်းမကျယ်သည်
နွားလှည်းဘီးရာတွေမှလွဲ၍
အမှိုက်တစ်စမှရှိမနေသလို  ၊
ရုတ်စအဆူံး နွားချေးတောင် ရှိမနေပေ။
ထိုလမ်း တစ်ဖက်တစ်ချက်ရှိ
ပျဉ်ထောင်အိမ်လေးများနှင့်
ခြံလေးများတွင်လည်း သစ်ပင်ပန်းပင်တို့
ဝေဆာကာ၊ တကယ့်ကို စိမ်းစို လှပလျှက်။

ရွာ၏ အစတွင် ဘုရားကျောင်းတစ်ခုရှိသလို၊
ဒီလမ်း၏ အဆုံးတွင်တော့ စေတီတစ်ဆူ
ရှိနေလေသည်။

သိပ်မကြီးလှသော ဤရွာလေးက
တကယ့်ကို ချစ်စရာကောင်းလွန်းလှပေသည်။

သို့သော် ထိုအထင်က အနည်းငယ်
လွဲမှန်း ဥက္ကာ သိလိုက်ရသည့် အချိန်တွင်တော့..။

"ဗျာ ဘယ်လို..?"

ပြဿနာက ရေချိုးရန် ဘယ်မှာ
သွားချိုးရမှာလဲ ဟူ၍ ကိုပြည့်စုံအား
မေးလိုက်တော့ ၊ ရွာနောက်က ချောင်းမှာတဲ့။

"ဘာဖြစ်တာလဲ ဥက္ကာ..၊
သန့်ပါတယ်ဟ.၊ ချောင်းရေက
ကြည်မှ ကြည်..၊ "

ဥက္ကာ စိတ်ပျက်မိသည်။အရင်က တောင်ပေါ်မှာ
နေတုန်းကတောင်၊ ရေချိုးခန်းဟူ၍
သတ်သတ် ရှိသေးသည်။

အခုဟာက ချောင်းကြီးမှာ ဒီတိုင်းကြီး
သွားချိုးရမှာ မသတီလှပေ။

တစ်ရွာလုံး ဒီချောင်းထဲကပဲ ချိုးကြတယ်ဆိုတာ
သိရတော့ ပိုပြီး မသတီတော့။

"မချိုးတော့ဘူး.."

ဟူ၍ ပြောကာ ထွက်လာခဲ့လိုက်သည်။ .

.......

ကလေးတွေကို ရွာထဲမှာ ပေးတည်းထားပြီး
နေသူကတော့ ရှူတင်တည်ရမည့်
ဘုရားကျောင်း နဘေးတွင်သာ
ရွက်ဖျင်တဲ ထိုးပြီး နေဖြစ်သည်။
မနက်ဖြန်ရိုက်ရမည့် ရှူတင်အတွက်
အဖွဲ့သားတွေနှင့်အတူ အလုပ်ရှုပ်နေစဉ်၊

"ဆရာ.. ဆရာ့ညီက
ဒီမှာနေတဲ့ တောက်လျှောက်
ရေမချိုးတော့ဘူးလား မသိဘူး.."

မုသားဟု ဆိုရာ၌Where stories live. Discover now