Part-9

7.5K 703 16
                                    

Zawgyi

ရှိန်းထိုက်အား ခေါ်ပြီး ကိုးအိမ်က
ပြန်လာသော လမ်းတွင် ၊ ဥက္ကာစိတ်ကို
အနည်းငယ်လျှော့ချလိုက်ကာ..

"ဟိုနေ့ညက ကိစ္စ အတွက်
ငါတောင်းပန်ပါတယ်.၊
အဲ့ညက မူးလည်း မူးနေလို့ပါ...."

ဟူ၍ မိမိက အကြီးဖြစ်နေတာကြောင့်၊
မိမိဘက်က အရင်စ တောင်းပန်လိုက်တော့
သူက ဥက္ကာအား သေချာကြည့်လာကာ...

"ခင်ဗျားက gay လား...?"

"ဘာပြောတယ်....!!"

ရှိန်းထိုက်ပြောလိုက်သော စကားကြောင့်..
ဥက္ကာ သူ့အား နားမလည်သလို
ကြည့်တော့...

"မူးနေတယ် ဆိုရင်တောင် ယောက်ျားလား
မိန်းမလားတော့ ခွဲတတ်မှာပါ.."

ဟူ၍ ဆက်ပြောလေသည်။

"မင်း ဘာတွေ ပြောနေတာလဲ
ရှိန်းထိုက်...??"

"ဒါဆို ခင်ဗျား မမှတ်မိသေးဘူးထင်တယ်...၊
ထားလိုက်ပါတော့..."

ရှိန်းထိုက်၏ အပြောကြောင့် ဥက္ကာ
ကားအား လမ်းဘေးသို့ ခပ်မြန်မြန်
ထိုးရပ်လိုက်ရင်း...

"မင်း ဘာတွေပြောနေတာလဲ
ငါ့ကို သေချာပြောစမ်း.....!!"

ရှိန်းထိုက်အား မလိုမကျမှု များစွာနှင့်
ကြည့်ကာ မေးလိုက်တော့
ရှိန်းထိုက်က သူ၏ နှုတ်ခမ်းအား
လက်ညှိုးတစ်ချောင်းနှင့် ပွတ်သပ်နေရင်းမှ.
ဥက္ကာ ခေါင်းတို့ နောက်ကျိလာကာ..

အဖြစ်အပျက်တစ်ချို့ ဒိုင်းခနဲ!
မျက်လူံးထဲ အစီအရီ ပုံပေါ်လာလေသည်။

ဟင်...၊
မိမိသည် ထိုညကအခန်းမှားဝင်ရုံနှင့်
မကျေနပ်သေးပဲ၊ ကုတင်ပေါ်တွင်
အိပ်ပျော်နေသော ရှိန်းထိုက်၏
နှုတ်ခမ်းတို့အား....

အား...!!!!!!

သူ၏ နှုတ်ခမ်းတို့အား မိမိ၏ နှုတ်ခမ်းနှင့်
အမှန်တကယ်ကို ထိတွေ့ခဲ့သည်။
ဥက္ကာ ခေါင်းနပန်းကြီးသွားကာ...
လူတစ်ကိုယ်လုံး ထူပူလာချိန်တွင်...
ရှိန်းထိုက်က....

"အဲ့ညက...."

"တော်တော့...!!!!"

တစ်ခုခုပြောမည် ကြံနေသော
သူ၏ ပါးစပ်အား
ဥက္ကာ လက်ဝါးဖြင့် ခပ်မြန်မြန် ပိတ်လိုက်ကာ..

မုသားဟု ဆိုရာ၌Where stories live. Discover now