Part-39

7.8K 652 57
                                    

Zawgyi

ခုလိုချိန်မှာ၊ ဘယ်သူ့ကိုမှ ဘာမှ မပြောပဲ
ဥက္ကာခရီးထွက်သွားတယ် ဆိုတာဟာ
သွေးရိုးသားရိုး မဟုတ်နိုင်တော့ပေ။

ဒါဆို စုစုကိစ္စကို ကြံစည်ခဲ့တာ
တကယ်ပဲ ဥက္ကာများ ဖြစ်နေမလား.?

ဘာကြောင့်လဲ.?။

"ဥက္ကာနဲ့ မင်းနဲ့ ရန်ဖြစ်ထားတာလား..?"

ရှိန်းထိုက်နှင့် စကားပြောရန် လူရှင်းသော
ပန်းခြံ တစ်နေရာတွင် နေသူ ကားကို
ရပ်ထားလိုက်သည်။

နေသူမေးတာကို ရှိန်းထိုက် ပြန်မဖြေပါ။

စုစုနဲ့ ကိစ္စကို မေးရင် ကောင်းမလား
အကြိမ်ကြိမ် စဉ်းစားနေမိသည်။
ဒီပြဿနာကို ဖြေရှင်းဖို့က
အသိပေးမှ ဖြစ်မှာ မို့လို့ နေသူ
သက်ပြင်းချလိုက်ကာ...

"ဥက္ကာနဲ့ စုစု တွဲနေတာကို မင်းသိလား...?"

နေသူ့ အမေးကြောင့် ရှိန်းထိုက်က
အံ့သြသွားဟန်နှင့်
နေသူ့အား လှမ်းကြည့်လာကာ..

"ဘာ..!၊ အကို ဘာပြောလိုက်တာလဲ..?"

သူ့ တုံ့ပြန်မှုက သူသိသေးပုံမရ ဆိုတာကို
ဖော်ပြနေလေသည်။

"ဥက္ကာနဲ့ စုစုတို့နှစ်ယောက် တွဲနေကြတယ်...၊ "

ရှိန်းထိုက်က ခေါင်းကို ဖြည်းညင်းစွာ
ခါရင်း.....

"အကို ဘာတွေ ပြောနေတာလဲ..??"

သူ့မျက်ဝန်းတွင် မယုံကြည်နိုင်ခြင်းများစွာနှင့်
မျက်ရည်များပင် ဝဲတက်လာလေသည်။
နေသူ ဘာဆက်ပြောရမှန်းတောင် မသိတော့။

"အကို ဘယ်ကနေ သိတာလဲ....?"

ငိုသံရောယှက်နေသော သူ့အသံလေးက
တကယ်ကို နွမ်းလျှလျှက်...။

အဖြစ်အပျက် အမှန်ကို ပြောပြန်ပြန်လျှင်လည်း၊
စုစု၏ အရှက်သိက္ခာအား
မငဲ့ကွက်ရာ ကျပေလိမ့်မည်။
ထို့ကြောင့်..

"အဲ့တာကို မင်းသိစရာမလိုဘူး....ရှိန်းထိုက်.၊
ဒါပေမယ့် အခု အကို ဥက္ကာကို တွေ့ရမှ ဖြစ်မယ်..၊
သူသွားတဲ့ ခရီးကို မင်းတကယ် မသိတာလား.?၊
သူ့ကို အဆက်အသွယ် ရနိုင်မယ့်
နည်းလမ်း မရှိဘူးလား..?"

မုသားဟု ဆိုရာ၌Where stories live. Discover now