Zawgyi
ရှိန်းထိုက်နှင့် ဥက္ကာ အတူရိုက်ရသည့်
နောက်ဆုံး ဇာတ်ဝင်ခန်းသည် ဥက္ကာအတွက်
အလွန်ခက်ခဲပြီး စိတ်ဖိစီးမှုများနေသည်ကို
ရှိန်းထိုက်သိနေသည်။အန်ဆန်းမဟော်အား လာခွန်းက လုပ်ကြံ
သတ်ဖြတ်ရသည့် အခန်းဖြစ်တာကြောင့်၊
တစ်ယောက်နှင့်တစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်ရင်း၊
နောက်ဆူံးမှာ အန်ဆန်းမဟော် သေဆုံးသွားရမည်
ဖြစ်သည်။ထိုသို့သော ရုန်းရင်းဆန်ခတ်အခြေအနေကို ၊
မနက်ခင်း နေအလင်းရောင် ကောင်းသည့်
၁၂နာရီမတိုင်ခင်အချိန်မှာ ရွေးရိုက်ရခြင်း ဖြစ်သည်။
သုံးရက်လောက် အချိန်ပေးပြီး ရိုက်လာသော်လည်း
တစ်ခန်းမှ ကိုနေသူ့စိတ်တိုင်းကျ အံမဝင်သေး။
ခုလည်း သူံးရက်မြောက်နေ့၏
နေ့လည်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ဥက္ကာဟာ ရှိန်းထိုက်အား အသေးအမွှားလေးက
အစ နာကျင်ထိခိုက်သွားမှာကို အလွန်
စိုးရိမ်နေသည်မှာ သိသာလွန်းနေသည်။"ဥက္ကာ...!! မင်း ရန်မဖြစ်တတ်ဘူးလား...??၊
မင်း ယောက်ျားမဟုတ်ဘူးလား....??"ကိုနေသူက ဥက္ကာအား တစ်နေကုန်
ဖိအားပေးနေသလို၊ ဥက္ကာကလည်း
တစ်ခွန်းမှ ပြန်မပြောပေ။
သို့သော် ကောင်းကောင်းမလုပ်နိုင်သေးတာကြောင့်
မျက်စိမျက်နှာတို့ ပျက်ယွင်းနေပြီ ဖြစ်သည်။ကိုနေသူက အနားသို့ ရောက်လာကာ..
ဥက္ကာ၏ ရင်ဘတ်အား ခပ်ပြင်းပြင်း
စောင့်တွန်းလိုက်တာကြောင့် သူ အနောက်သို့
ယိုင်လဲကျသွားလေသည်။
ရှိန်းထိုက်ထင်တာ မမှားလျှင်.၊
အနောက်မှာရှိနေသော သစ်ပင်နှင့် ဥက္ကာ၏
ကျောပြင် ဆောင့်မိသွားပုံရသည်။
ထို့ကြောင့် စိတ်ပူပြီး သူနားသွားရန်
ခြေတစ်လှမ်းရှေ့တိုးလိုက်သော်လည်း၊
ကိုနေသူက အရင်ရောက်သွားကာ၊
ဥက္ကာ၏ အင်္ကျီလည်ပင်းစကနေ
ဥက္ကာအား မညှာမတာ ဆွဲမ လိုက်လေသည်။"ဘယ်လိုတွန်းရလဲ သိပြီလား..??၊
မင်းမုန်းနေတဲ့ လူတစ်ယောက်ကို
ဘယ်လိုထိခိုက်အောင် လုပ်ရမလဲ
သိအောင်လုပ်ထား..!! "ကိုနေသူ ဒီလောက်ထိ စိတ်တိုတာကို
တစ်ခါမှ မမြင်ဖူးခဲ့။