Part-4

8.9K 754 10
                                    

Zawgyi

ဆယ်တန်းအောင်စာရင်းတွေထွက်ပြီးချိန်တွင်
ရှိန်းထိုက်မဟာ က ဂုဏ်ထူး လေးခုနှင့်
အောင်သည်ဟု သိရသည်။
ထို့ကြောင့် ဘာတက္ကသိုလ် တက်မလဲ
ဟူ၍ ထိုကောင်လေးနှင့် တိုင်ပင်ရန်
ဖေဖေက နေသူ့ကိုပါ စစ်ကူခေါ်သဖြင့်
ဖေဖေ့အိမ်ကို လာကာ အနားတွင်
လာထိုင်ပေးနေရလေသည်။

ဥက္ကာကလည်း အနားတွင် လာထိုင်နေကာ
ဖေဖေတို့ပြောမှာကို နားစွင့်နေပုံရသည်။

"ကျွန်တော် ကျောင်းမတက်တော့ဘူး
ဦးလေး.."

အေးစက်ပြတ်သားစွာ ထွက်ပေါ်လာသော
ရှိန်းထိုက်မဟာ၏ စကားသံအဆုံးတွင်
ဖေဖေက..

"ကျောင်းမတက်လို့တော့ မရဘူးလေ
သားရယ်...၊
ဘွဲ့တစ်ခုတော့ ယူရမှာပေါ့....."

"ကျွန်တော့်အတွက် ဘွဲ့မလိုအပ်ဘူး..၊
ကျွန်တော် fashion design
သင်တန်းတက်မယ်...၊
အဲ့အတွက်လည်း ဦးလေးတို့
အကုန်အကျခံစရာ မလိုဘူး...၊
ကျွန်တော့်ဘာသာ စုထားတာရှိတယ်...၊
ဦးလေးတို့ကို အသိပေးတာပါ...၊
ကျွန်တော့်ကို ကျောင်းတက်ဖို့
မတိုက်တွန်းပါနဲ့...."

ဘာပြန်ပြောရမှန်းတောင် မသိလောက်အောင်
စကားကုန်ပြောလိုက်တာကြောင့်၊
ဖေဖေက သက်ပြင်းတစ်ချက်ကို
လေးပင်စွာချလိုက်ကာ....

"ဒါဆို fashion design သင်တန်းကရော..
ဘယ်မှာတက်မလဲ စုံစမ်းပြီးပြီလား...?"

ဟုမေးတော့ ရှိန်းထိုက်မဟာက
အဖြေခင် ဥက္ကာက တစ်ဟားဟား
ထရယ်သဖြင့်၊ နေသူရော ဖေဖေပါ
သူ့အား ကြည့်မိချိနိတွင်၊
သူက သူ့ဗိုက်သူဖိကာ ရယ်ကာကို
မနည်းရပ်နေလေသည်။

ဒီကောင်း ဘာထဖြစ်ပြန်ပြီလဲ မသိ။

"ဘာတွေ ရယ်နေတာလဲ ဥက္ကာ.."

ဟူ၍ ဖေဖေက မေးလိုက်တော့၊
သူက လက်ကာပြကာ..
ချောင်းတစ်ချက်ဟန့်ရင်း...

"အဟန်း.. ဘာမှ မဟုတ်ဘူး..၊
ဆက်ပြော ဖေဖေ.."

ဟူ၍ ပြောချိန်၊ ရှိန်းထိုက်ကို
ကြည့်မိတော့ ဥက္ကအား မကျေမနပ်
လှမ်းကြည့်နေလေသည်။

သူ့ပုံနှင့် fashion designer အလုပ်က
ဆန့်ကျင်ဘက်ကြီးတစ်ခုလို
နေသူ ခံစားရသည်။
fashion designer တစ်ယောက်၏
အနုစိတ်ဖန်တီးမှုများကို နွေး လုပ်နေတာ
တွေ့ဖူးသဖြင့် အနည်းအကျဉ်းတော့
နားလည်သည်။
နွေးလို  နူးညံ့တဲ့ အနုပညာသမား နဲ့
ရှိန်းထိုက်မဟာလို ကောင်လေးက
လားလားမှ မသက်ဆိုင်သလိုပင်။

မုသားဟု ဆိုရာ၌Where stories live. Discover now