Part-36

7.5K 694 43
                                    

Zawgyi

အရှေ့အရပ် ' ရုပ်ရှင်အတွက်
နယ်အသီးသီးသို့ fan meeting
သွားရောက်ရမည့် အချိန်သို့
ရောက်ရှိလာခဲ့သည်။

ရုပ်ရှင်က ထင်ထားတာထက် အများကြီးပို၍
အောင်မြင်ကာ လူကြိုက်များလွန်းတာကြောင့်၊
ပြမည့် ပွဲချိန်များပင် တိုးလိုက်ရလေသည်။
ရန်ကုန်နှင့် အခြားမြို့ကြီးများတွင်
တစ်ပတ်တိတိ တင်ထားပြီး ဖြစ်သလို၊
ကျန်နယ်မြို့များမှာပါ လက်မှတ်
ရောင်းမလောက် ဖြစ်နေခဲ့လေသည်။

ကိုးက fan meeting ခရီးစဉ်အတွက်
express ကားတစ်စီး စီစဉ်ထားသည်။
သရုပ်ဆောင်သစ် ခြောက်ယောက်၊
ကိုပြည့်စုံ ၊ နှင့် အခြား camera
သမားအချို့သာ ပါဝင်သော
ခရီးစဉ်လေးတစ်ခု စတင်တော့မည် ဖြစ်သည်။

ကားပေါ်ရောက်တော့၊ ရှိန်းထိုက်က
လွတ်သည့် တစ်နေရာတွင် အရင်
စထိုင်လိုက်သော်လည်း
ဥက္ကာ လိုက်မထိုင်ဖြစ်ပေ။

မနေ့တနေ့ကမှ သူနဲ့ စကားများထားတာ
ကြောင့်ရော၊ မိမိအား အရေးမပါသလို
ဆက်ဆံခံ ထားရတာကြောင့်ပါ သူနဲ့ အတူ
ထိုင်ချင်စိတ် မရှိပေ။
ထို့ကြောင့် သူထိုင်လိုက်သော ခုံအား
ကျော်ကာ နောက်ခုံတွင် တစ်ယောက်တည်း
ဝင်ထိုင်လိုက်သည်။

သူကတော့ လိုက်ကြည့်နေရှာပါသည်။
ဥက္ကာ လုပ်ရပ်ကို နားလည်ပုံမရ။
နေရာမှ ထလာကာ ဥက္ကာဘေး
ဝင်ထိုင်မည် အလုပ်..

"အကို...  ကျွန်တော် ထိုင်မယ်နော်.."

ဟူသော ကလေးသံလေးတစ်ခုအား
ဥက္ကာဘေးမှ ကြားလိုက်ရလေသည်။
ခွန်လင်းကိုပါလား..?။
သူက ဘယ်လိုဖြစ်ပြီး ပါလာတယ် မသိ။

ဥက္ကာက ထိုင်လို့ မပြောရသေးခင်မှာပင်
သူက ဥက္ကာဘေးတွင် ဝင်ထိုင်လိုက်ပြီဖြစ်သည်။
ထိုတော့မှ ရှိန်းထိုက်က ရပ်နေရာမှ
ပြန်ထိုင်လိုက်ကာ၊ လှည့်တောင်
ကြည့်မလာတော့ပေ။

"ခွန်လေးက တီခင်နဲ့ လိုက်လာတာ...၊
အကိုတို့ကို ကူညီပေးဖို့လေ..."

"ဪ.."

ဥက္ကာ စကားတွေ အများကြီး
မပြောချင်တာကြောင့်၊
အသင့်ပါလာသော နားကျပ်အား တပ်လိုက်ကာ
သီချင်းသာ နားထောင်နေလိုက်သည်။

မုသားဟု ဆိုရာ၌Where stories live. Discover now