Part-23

7.2K 687 34
                                    

Zawgyi

ဥက္ကာ အိပ်နေရာမှ ထလိုက်ပြီး
သူ့နောက်သို့ လိုက်ခဲ့မိသည်။

စောင်နှင့် ခေါင်းအူံးကို ပိုက်ကာ
ဘုရားကျောင်းဘက်သို့ ဦးတည်သွားနေသော
ရှိန်းထိုက်အား တွေ့လိုက်ရလေသည်။

ဥက္ကာ ဘာမှ မစဉ်းစားချင်တော့...၊
သူထံသို့ ပြေးသွားလိုက်ကာ
သူရှေ့မှ ပိတ်ရပ်လိုက်ပြီး....၊

"မင်း မသွားရဘူး ရှိန်းထိုက်.."

ဥက္ကာ၏ လုပ်ရပ်ကြောင့် ရှိန်းထိုက်က
ဥက္ကာအား အံ့သြတကြီး စိုက်ကြည့်ကာ

"ခင်... ခင်ဗျား နိုးနေတာလား..?"

"မင်း ပြန်မရောက်သေးပဲ
ငါဘယ်လိုလုပ်အိပ်လို့ရမှာလဲ..?"

ဟူ၍ ပြောလိုက်သော စကားထဲတွင်
ဝမ်းနည်းမှုများ ရောစွတ်နေလေသည်။
သူက ဘာမှ ပြန်မပြောခင်မှာပင်...

"မင်း ကိုးနဲ့ သွားအိပ်ဦးမလို့လား..?
မသွားပါနဲ့တော့.. ငါတောင်းပန်ပါတယ်."

ဥက္ကာလေသံကို လျှော့ကာ ပြောနေမိချိန်
ရှိန်းထိုက်က ဥက္ကာအား ကြောင်ကြည့်နေဆဲပင်။

"မသွားပါနဲ့နော်..."

"ဖယ်ပေးပါ ဥက္ကာ...၊ "

သူက ဥက္ကာပြောတာ အရေးမစိုက်ပဲ
ရှေ့သို့ ဆက်သွားမည် လုပ်နေတာကြောင့်
သူ့လက်အား အတင်းလှမ်းဆွဲရင်း....

"ငါ တောင်းပန်ပါတယ်..၊
မင်းငါ့ကို မချစ်ရင်တောင်..
အဲ့လို အပြုအမူမျိုးတွေ ကျေးဇူးပြုပြီးမလုပ်ပါနဲ့၊
သူနဲ့ နှစ်ယောက်တည်း သွားနေနေတာကို
ငါ ဘယ်လိုမှ မခံစားနိုင်ဘူး...."

ခုလိုတောင်းပန်လျှိုတိုးစွာပြောနေမိတာ
မိမိမှ ဟုတ်ရဲ့လားဟူ၍ သံသယဖြစ်စရာ
ကောင်းလောက်အောင်ကို
ဥက္ကာဟာ ဥက္ကာ မပီသခဲ့။

ဥက္ကာ ကိုင်ထားသော လက်များကို
ရှိန်းထိုက်က ဖယ်ရှားလိုက်ချိန်တွင်
သူ့လက်ထဲမှာ ကိုင်ထားသည့်
စောင်နှင့် ခေါင်းအူံးလေးလည်း
မြေကြီးပေါ်သို့ ကျသွားရလေသည်။

"ကျွန်တော် ချစ်တဲ့လူအနားမှာ
ကျွန်တော်နေတာ ဘာမှားလို့လဲ.?
ခင်ဗျား ကျွန်တော့်ကို ချစ်တာနဲ့ပဲ
ကျွန်တော်က ကျွန်တော် ချစ်တဲ့လူဆီ
မသွားရတော့ဘူးလား...?"

မုသားဟု ဆိုရာ၌Where stories live. Discover now