Part-15

7.4K 698 6
                                    

Zawgyi

မီးပုံလေး မီးငြိမ်းသွားပြီဖြစ်တာကြောင့်၊
ချက်ချင်းပင် ဝင်ရောက်လာသော
လေအေးတို့က လူတစ်ကိုယ်လူံးအား
အေးစိမ့်သွားစေသည်။

လက်မောင်းနှစ်ဖက်ကို ပြိုင်တူ ပွတ်မိရင်း
မည်မျှပင် ချမ်းနေသော်လည်း၊
ဥက္ကာ ထိုင်နေရာက မထဖြစ်သေး.....

"ဦးလေး ထင်းထပ်ထည့်ပေးမယ်နော်..."

ဘယ်က ဘယ်လို ရောက်လာတယ်မသိတဲ့
ဒီက ဒေသခံဦးလေးကြီးတစ်ယောက်က
မီးပုံအား ထင်းထပ်ထည့်ပေးကာ
မီးပြန်မွှေးသွားပေးလေသည်။

"ကျေးဇူးပါ ဦးလေး...."

"ရပါတယ် ငါ့တူ...၊
ဦးကို မင်းသားက ခိုင်းလိုက်လို့ပါ..."

"ဟင်.ဘယ်မင်းသားလဲ...?"

"ဦးလေး သွားပြီနော်.."

"ဦးလေး ခဏ...."

ထိုဦးလေးကြီးထွက်သွားခါနီးတွင်
ဥက္ကာ ထိုင်နေရာမှ အမြန်ထကာ
တားလိုက်ချိန်တွင်၊ လူက မူးဝေသွားကာ
မျက်လူံးတို့ ပြာဝေသွားရသည်။

"ရရဲ့လား ငါ့တူ...၊ နေမကောင်းဘူးလား..?
ရာသီဥတု အေးတယ်ကွဲ့...၊
အိမ်ထဲနေသင့်တယ်..."

ထိုဦးလေးကြီးပြောစကားကို
ဥက္ကာ ခွန်းတုံ့မပြန်နိုင်သေး...၊
မျက်လုံးတို့ကို မှိတ်ကာ အားယူနေစဉ်...၊

"လာ.. ဦးလေး လိုက်ပို့ပေးရမလား..?"

ထိုဦးလေးကြီးက ဥက္ကာအား တွဲကာ
အိပ်ခန်းဆီသို့ လိုက်ပို့ပေးလေသည်။
အိပ်ခန်းနားရောက်ခါနီးမှ....

"မီးမွှေးပေးဖို့ ဘယ်မင်းသားက
ဦးလေးကို ပြောလိုက်တာလဲ...?"

ဟူ၍ မေးလိုက်တော့၊ ထိုဦးလေးကြီးက

"သူက မပြောနဲ့လို့ ပြောထားတယ်..၊ "

"ပြောပါ...၊ မင်းသားက ခိုင်းလိုက်တာလို့တောင်
ပြောပြီးပြီပဲကို..."

ထိုဦးလေးကြီးက တစ်ချက်စဉ်းစားနေရင်းမှ...

"မနက်က ဟိုအောက်မှာ ရိုက်နေတဲ့
ကောင်လေးလေ....၊ ရှိန်း ဘာဆိုလား.."

"ရှိန်းထိုက်မဟာလား..?"

အခန်းနားရောက်ချိန်တွင်တော့
ထိုဦးလေးကြီးက..

မုသားဟု ဆိုရာ၌Where stories live. Discover now