Zawgyi
ဒီနေ့ ရှူတင်စောစောနားတာကြောင့်
ရှိန်းထိုက်က အခန်းထဲ စောစောဝင်ကာ
အိပ်ယာဝင်ရန် လုပ်နေလေသည်။
နေသူလည်း အခန်းထဲမှာပင် ရှိန်းထိုက်အတွက်
ပေးရမည့် မွေးနေ့လက်ဆောင်အား
ခုမှ online မှာ ရှာနေရလေသည်။တစ်ခန်းလုံးတိတ်ဆိတ်လျှက် ၊
အပ်ကျသံပင် မကြားရ။သူနဲ့ တစ်ခန်းတည်းမှာ အတူနေနေရပေမယ့်
စကားပြောဖြစ်သည့် နေ့က ရှားပါးလှသည်။
ဟိုတယ်ခန်းတွင်း ပြန်ရောက်တာနှင့်
သူရော နေသူပါ ပင်ပန်းနေတာကြောင့်
အသီးသီး အနားယူဖြစ်ကြသည်သာ။"ဒေါက်..ဒေါက်...."
အပြင်က အခန်းတံခါးခေါက်သံ
ကြားချိန်တွင်...၊ နေသူ ထမည်အလုပ်.."ရတယ် အကို..၊ကျွန်တော်
သွားဖွင့်ပေးလိုက်မယ်..."ဟူ၍ ပြောရင်း ရှိန်းထိုက်က ကုတင်ပေါ်မှ
ထကာ အခန်းတံခါး သွားဖွင့်ပေးလေသည်။အခန်းဝတွင်ရပ်နေသူက ဥက္ကာဖြစ်နေတာကြောင့်၊
နေသူ ဥက္ကာအားအကဲခတ်ကြည့်မိလေသည်။သူ ရန်ကုန်ပြန်ချင်လို့ လာပြောတာများလား.?။
သူက ရှိန်းထိုက်အား ကျော်ကာ
နေသူ့ထံ လျှောက်လာပြီး..."ကိုး... ကျွန်တော် သန်ဘက်ခါကျရင်
ရန်ကုန်ခဏ ပြန်ချင်တယ်...."ထင်သည့်အတိုင်းပင်၊ သူတောင်းဆိုလာတော့မည်
ဆိုတာကို နေသူ သိနေသည်။ဖေဖေကလည်း ထိုကိစ္စနဲ့ ပက်သက်ပြီး
စိတ်ပူနေလေပြီ။"မပြန်ပါနဲ့လား..၊
မင်းစိတ်ကို နည်းနည်းလောက်
ပြုပြင်လို့ မရဘူးလား.?
အချိန်တွေလည်း ကြာခဲ့ပြီလေ..."နေသူ ဖျောင်းဖျရန် ကြိုးစားသော်လည်း၊
သူက ခေါင်းအား လေးပင်စွာ ခါလိုက်ရင်း...၊"ခဏပါပဲ.. နေ့ချင်းပြန်လာမှာ..၊
သေချာပေါက် ပြန်လာမှာပါ..."နေသူ သူ့အား သေချာ မော့ကြည့်လိုက်တော့
မျှော်လင့်တကြီး ကြည့်နေတာကြောင့်..
အကြံအိုက်နေမိသည်။ဖေဖေကတော့ ပြန်မလာစေချင်။
ရန်ကုန်မှာ နေသူလည်း ရှိမနေတာကြောင့်
ဥက္ကာ စိတ်လေပြီး မဟုတ်တာတွေ
လျှောက်လုပ်လျှင် လိုက်တားပေးမယ့် လူမရှိဘူးလေ။