Part-12

7.2K 697 10
                                    

Zawgyi

ကချင်ပြည်နယ်ဘက်သို့ ကားရိုက်မသွားခင်
နွေးအားဖွင့်ပြောခဲ့ရန် ဆုံးဖြတ်ထားခဲ့သော
စိတ်တွေက ရုတ်တရက် ဘာကြောင့်ရယ်မသိ
တွေဝေလာခဲ့သည်။
သူမအား တကယ်ပဲ ချစ်ရဲ့လားဟူသည့်
မေးခွန်းကို ကိုယ့်ကိုကိုယ်ပြန်မေးနေမိသည်။

ဒါတွေအားလုံးက...
ခုမိမိရှေ့တွင် ထိုင်ကာ စာဖတ်နေသော
ထိုကောင်လေးကြောင့်ပင်ဖြစ်သည်။

စတွေတုန်းကနဲ့ မတူပဲ၊
တစ်မူထူးခြားလာသော ထိုကောင်လေး၏
အပြုအမူ အသစ်များသည် ၊
မိမိတစ်ယောက်တည်းအတွက်သာ
ဦးတည်နေသည်ဆိုတာကို
သိရတော့ ပျော်ရွှင်နေသည့် စိတ်ကိုတားမရ။

..........

နွေးအကြောင်းတွေးနေရင်းနှင့်ပင်
နွေးဆီမှ ဖုန်းဝင်လာတာကြောင့်
ကိုင်လိုက်တော့.

"ဟယ်လို နွေး..."

နွေးဆိုတာနှင့် စာဖတ်နေရာမှ မျက်လုံး
ပင့်ကြည့်လာသော ရှိန်းထိုက်အား၊
နေသူ လှမ်းကြည့်လိုက်မိသည်။

"နေသူ...၊ ဒီည နွေးတို့ တွေ့ကြမလား..?၊
သန်ဘက်ခါ ကျရင် နယ်ကို
ကားရိုက်သွားတော့မှာဆို.?"

"အင်း ဟုတ်တယ် နွေး...၊တွေ့ကြမယ်လေ...၊
ကို နွေးသင်တန်းကို လာခဲ့လိုက်မယ်..."

"ဟုတ်..၊ ဒါဆို ၆:၀၀လောက်
နွေးစောင့်နေမယ် နော်. "

"အိုကေ နွေး..."

နွေးနဲ့ ဖုန်းပြောပြီးချိန်တွင် ရှိန်းထိုက်က
နေရာမှ ထသွားကာ၊ အခန်းထဲမှ
ထွက်သွားလေသည်။

အနားပေးထားတဲ့ သုံးရက်မှာ
နေသူနဲ့ လာနေချင်သည်ဟု
သူတောင်းဆိုခဲ့သည်။
သူ့ကြည့်ရတာ ဥက္ကာကြောင့်
အိမ်ကို ပြန်သွားချင်ပုံမရ။
တစ်ခြားနေရမှာ သွားနေတာထက်စာရင်
ဖေဖေကလည်း နေသူ့အိမ်တွင်သာ
စိတ်ချတာကြောင့် ခေါ်ထားဖြစ်ခြင်း
ဖြစ်သည်။

သူက ဘယ်အပြင်မှ မသွားပဲ နေသူ့ ရုံးခန်း
တွင်သာ ထိုင်ပြီး ရုပ်ရှင်နှင့်ပက်သက်သည့်
လေ့လာစရာများ နေသူပေးထားတာကြောင့်၊
ထိုင်ဖတ်နေတတ်သည်။

သူ့ကြည့်ရတာ ဆိုးသွမ်းမလိုလိုနဲ့
လိမ္မာသည်ဟု ပြောရမည်။
ညီဖြစ်သူ ဥက္ကာကသာ လိမ္မာမလိုလိုနဲ့
မသိမသာ ဆိုးနေတာ။
ခုတောင် ရှိန်းထိုက်ကို အိမ်ခေါ်ထားသည့်
ကိစ္စကို သူ ကပ်နေတုန်းပင်။

မုသားဟု ဆိုရာ၌Where stories live. Discover now