Part-3

10K 827 2
                                    

zawgyi

ဖေဖေ့ အခန်းထဲက ထွက်ပြီးတာနှင့်
အပေါ်ထပ်သို့ တန်းတက်ခဲ့ရင်း...၊
အပေါ်ထပ် လှေကားတက်တက်ခြင်းမှာ
တည်ရှိနေသည့် ကိုး​၏ အခန်းကို
တစ်ချက်ကြည့်လိုက်သည်။

ကိုးက သူ့အသက် ၂၂နှစ်ကတည်းက
မိဘအိမ်မှာ မှီကပ်မနေချင်တော့ ဟူသော
အကြောင်းပြချက်နှင့် သူ့ဘာသာ
တစ်ခြားနေရာမှာ အိမ်ငှားနေခဲ့တာဟာ
ခြောက်နှစ်လောက် ရှိနေလေပြီ။
ဥက္ကာအတွက်တော့ ဒါဟာ အပို
အလုပ်တွေလို့ မြင်မိသည်။
အိမ်ငှားနေတော့ အိမ်ငှားခ ပိုက်ဆံကို
အလကားနေ ပေးနေရသည်လေ။
နေစရာအိမ်မရှိတာလည်း မဟုတ်။

ကိုး​၏ အခန်းဘေးတွင် ရှိနေသော
မိမိအခန်းဆီသို့ ဥက္ကာ လျှောက်လာစဉ်
ကိုး​၏ အခန်းတံခါး ပွင့်သွားသံ
ကြားတာကြောင့် လှည့်ကြည့်တော့
ကောင်လေးတစ်ယောက်ကို
တွေ့လိုက်ရသည်။
ဒါဟာ ရှိန်းထိုက်မဟာပဲ ဖြစ်ပေလိမ့်မည်။
အသက်သာငယ်တာ အရပ်က
ဥက္ကာကို မှီလုနီးပါး..၊ အသားဖြူဖြူ
ပိန်ပိန်ရှည်ရှည်နှင့်၊ နဖူးပေါ်ဝဲကျနေသော
ဆံပင်နက်နက်က မျက်နှာ
တစ်ခြမ်းလူံးနီးပါးအား
ဖုန်းထားသယောင် ဖြစ်နေသည်။
သူ့မျက်နှာလေးက သေးသေးလေးမှ
သေးသေးလေး။

သူအခန်းထဲက ထွက်ထွက်ခြင်း
ဥက္ကာ သူ့ဆီ သွားလိုက်ကာ သူ့ပုခုံးအား
ဖက်လိုက်ရင်း....

"ညီလေး...၊ ရောက်နေပြီလား..?
နေရတာ အဆင်ပြေရဲ့လား...
လိုတာရှိရင် ဒီက အကိုကြီးကို
ပြောနော်...၊ အကိုက ဦးမိုးဝေရဲ့
သားအငယ် ဥက္ကာပိုင်စိုးပါ..."

ဟူ၍ ပြိုင်ကား မျက်နှာနှင့် ဖော်ရွှေစွာ
နှုတ်ဆက်လိုက်သော်လည်း၊
သူ​၏ ပုခူံးပေါ် တင်ထားသော
မိမိ​၏ လက်မှာ ခပ်ပြင်းပြင်း ဆွဲချခံလိုက်ရပြီး..၊
သူ​၏ ကြောက်မက်ဖွယ် အကြည့်တို့ကလည်း
ဥက္ကာထံသို့ ဒိုင်းခနဲ ကျရောက်လာသောအခါ

"လန့်ထှာ...၊ ဘာဖြစ်တာလဲ..!?"

ရုတ်တရက်ဆိုတော့ ဘာများ
ဒေါသထွက်စရာ ပေါ်လာလို့လည်း
ဟူ၍ သူ​၏ မျက်နှာကို
အကဲခတ်လိုက်သော်လည်း၊
သူက ဘာမှ ပြန်မပြောသည့် အပြင်၊
အကြည့်လွှဲကာ အောက်ထပ်သို့
ခန့်ခန့်ကြီး ဆင်းသွားလေသည်။

မုသားဟု ဆိုရာ၌Where stories live. Discover now