Part-40

9.3K 696 22
                                    

Zawgyi

နွေးစုဟန်၏ မင်္ဂလာပွဲ ပျက်သွားသည့်
ကိစ္စက တကယ်ကို ဟိုးလေးတစ်ကျော်
ဖြစ်သွားကာ၊ နွေးစုဟန်ကိုသာ အကုန်လုံးက
ရိုက်ခတ်နေကြလေသည်။

ထိုသတင်းကိစ္စကြောင့် မီဒီယာ အချို့က၊
ယခင်ထွက်ခဲ့သည့် နွေးစုဟန်၏
ကောလဟာလအရ သူမ၏
နောက်ကြောင်းကို လိုက်ခဲ့ကြသည်။

ထို့ကြောင့် ရှိန်းထိုက်ဖခင် နှင့်
အကြောင်းကိစ္စမှာဘူးပေါ်သလို ပေါ်ခဲ့ရပြီး
နွေးစုဟန်၏ အလုပ်အကိုင်တို့လည်း
ပျက်ခဲ့ရလေသည်။

ထို့အပြင် သူမ၏ ညီမလေး စုစုကလည်း
စိတ်ထောင်းကိုယ်ကြေကာ ဆေးရုံတက်
လိုက်ရသည့် အဖြစ်သို့ ရောက်ရှိခဲ့လေသည်။

အရာအားလုံးက ရှိန်းထိုက်၊ ဖြစ်စေချင်
သည့် အတိုင်း ဖြစ်လာခဲ့သည်။
နွေးစုဟန်၏ ဘဝကို ပျက်စီးယိုယွင်း
စေခဲ့သည်။

သို့သော် ထိုအရာတွေကို ဖြစ်မြောက်အောင်
လုပ်ပေးခဲ့သည့် မိမိချစ်ရသူ ဥက္ကာ၏
သတင်းအစအနကိုတော့ မရရှိခဲ့သေးပေ။

............

သားကြီး ဖြစ်သူ နေသူ၏ မင်္ဂလာပွဲ
ပျက်သွားတာကြောင့်၊ ဦးမိုးဝေလည်း
စိတ်မကောင်းဖြစ်နေရသလို၊
ဥက္ကာကိုလည်း စိတ်ပူနေရလေသည်။

သူ ခရီး ခဏ ထွက်သွားတယ် ဆိုတာကိုသာ
သိရပြီး၊ ဘယ်ကိုသွားတယ် ဆိုတာ
မသိရသလို၊ အဆက်အသွယ်လည်း မရခဲ့။

သားနှစ်ယောက်ရှိသည့် အနက်၊
အငယ်လည်း ဖြစ်သလို၊ စိတ်လည်း
ပျော့လွန်းတဲ့ ဥက္ကာအား
အမြဲ အရိပ်တကြည့်ကြည့် ၊
အသေးအမွှားကအစ
စိုးရိမ်ပူပန်စွာ နေခဲ့ရတာ။

ခုလို ဘယ်ရောက်နေမှန်းမသိပဲ၊
အဆက်အသွယ် လုံးဝ မရသော
အခြေအနေမှာ ဦးမိုးဝေ
အရမ်းကို စိတ်ပူနေရပြီ ဖြစ်သည်။

သူတို့တွေ ဘာဖြစ်ခဲ့ကြတာလဲ ဟူ၍
ကောင်းစွာမသိသော်လည်း၊
အရာအားလုံးက ဆက်စပ်နေတာကိုတော့
ဦးမိုးဝေ ရိပ်စားမိလေသည်။
ထို့ကြောင့် အကြောင်းအရင်းမှန်များကို
စုံစမ်းရင်း ဥက္ကာအား တစ်ဖက်
တစ်လမ်းက ရှာဖွေနေရလေသည်။

မုသားဟု ဆိုရာ၌Where stories live. Discover now