Zawgyi
တစ်စုံတစ်ယောက်၏ အခန်းတံခါးဝတွင်
ရပ်နေရင်း ထိုတစ်စုံယောက်အား
ဖေးမပေးချင်သည့်စိတ်က မည်မျှပင်
ထက်သန်နေပါသော်လည်း ရှိန်းထိုက်
အထဲသို့ မဝင်ဖြစ်သေး။အဆုံးသတ် လှနိုင်လာစရာမရှိတဲ့
ဒီလမ်းကို အစပျိုးပြီး လျှောက်သင့်ရဲ့လား..?။ခဏတာ နှစ်သိမ့်ပေးမှုက သူ့အတွက်
တစ်ဘဝစာ နာကျင်မှု အနေနဲ့
ဖြစ်တည်သွားမှာကို ရှိန်းထိုက် စိုးရိမ်မိသည်။ဥက္ကာပိုင်စိုး....?
ခင်ဗျား ငိုနေလား....?။
ခင်ဗျားငိုနေမယ်လို့ ကျွန်တော်တွေးမိတဲ့
အတွေးနဲ့တင်၊ ကျွန်တော်ရင်ဘတ်တစ်ခုလုံး
နာကျင်နေရပြီ။လက်ထဲမှ သူ၏ အခန်းသော့ အပိုအား
အချိန်ကြာမြင့်စွာ ငေးစိုက်ကြည့်နေမိရင်း
အခန်းထဲသို့ဝင်သင့်မဝင်သင့် စဉ်းစားနေမိသည်။မိခင်တစ်ယောက်အား ဆိုးရွားစွာ ဆူံးရှုံး
လိုက်ရခြင်းက ဘယ်လောက်ထိ
နာကျင်ခံစားရလည်းဆိုသည့်အတိမ်အနက်ကို
ရှိန်းထိုက် ကောင်းစွာ နားလည်သည်။
ရှိန်းထိုက်ကိုယ်တိုင်လည်း မကြာသေးခင်ကမှ
မိခင်အား ဆူံးရှုံးခဲ့ဖူးတာမို့...၊
သူရဲ့ နာကျင်မှုတွေကို ထပ်တူကျစွာ
ခံစားမိပေသည်။ထို့ကြောင့် တွေဝေမနေတော့ပဲ
အခန်းထဲသို့ ဝင်ခဲ့လိုက်သည်။ဝင်ဝင်ခြင်းမှာပင်..၊ ကုတင်ပေါ်၌ စောင်တောင်
မခြုံထားပဲ ခွေခွေလေး အိပ်နေသော
ဥက္ကာပိုင်စိုးအား တွေ့လိုက်ရသဖြင့် ရင်ထဲ နင့်ခနဲ။လိမ္မော်ရောင်ဖျော့တော့စွာ လင်းနေသော
မီးရောင်လေးကြားတွင်၊ သူ၏ မှေးစင်းထားသော
မျက်ဝန်းမှ မျက်ရည်စတို့ ရွှဲနစ်နေကာ ၊
လက်သီးနှစ်ဖက်အား ကျစ်ကျစ်ပါအောင်
ဆုပ်ထားသည်မှာ သွေးကြောတို့ပင်
ထောင်ထနေလေသည်။ရှိန်းထိုက် သူ့နားတွင် ညှင်သာစွာ
ဝင်ထိုင်လိုက်ချိန်၊ သူက ချက်ချင်းသိကာ
လှဲနေရာမှ ထလာလေသည်။ရှိန်းထိုက်ကိုလည်းမြင်ရော.. ၊ အံ့သြစွာဖြင့်..
"မင်း..
မင်း ဘာလာလုပ်တာလဲ...?"