Episode -6

600 30 0
                                    

"ကျော်.. မင်း ဘယ်လိုခံစားရလဲ"

"ငါ့စိတ်ထဲ ဘယ်လိုမှန်းမသိဘူး.. ပျော်တာလိုလို ဝမ်းနည်းတာလိုလိုနဲ့.. ဘာပဲဖြစ်ဖြစ် သူ ခုလို ကျန်းကျန်းမာမာနဲ့ မီးဖွားနိုင်ခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်"

"မင်း အဲ့ဒီအစ်မမျက်နှာကို သေချာကြည့်ခဲ့လား"

"အင်း ကလေးကိုရော အဲ့ဒီအစ်မကိုရော သေချာကြည့်ခဲ့တယ်.. ဘာဖြစ်လို့လဲ"

"သူ မမွေးခင်ကနဲ့ မွေးပြီးမျက်နှာ ဘယ်လိုကွာခြားလဲ"

"အင်း မမွေးခင်တုန်းက နာလွန်းလို့ အသံကုန်အော်ဟစ်ပြီး ရုပ်ပျက်ဆင်းပျက်ကို ဖြစ်လို့.. မွေးပြီးတော့ မျက်နှာလေးက ကြည်လင်ပြီး ပျော်နေတော့ ငါတောင် ပြုံးမိသေးတယ်"

ကျော်က မသန္တာနဲ့ ကလေးကို တွေ့ခဲ့တုန်းက ပုံစံလေးတွေကို ပြောပြနေသည်။

ထွဋ် ကျော့်ကို တွေတွေလေး ငေးကြည့်မိသည်။ သူ့သူငယ်ချင်းမလေး ဘာကြောင့် ယောက်ျားလေးလို နေတယ်ဆိုတာ သူအရင်ကတည်းက သိပြီးသား။

ကျော့်အမေက ကျော့်ကို မွေးပြီး မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့သည်။ ကျော် ၅ နှစ်သမီးအရွယ်ရောက်တော့ အဒေါ်ဖြစ်သူက အသေလေးမွေးပြီး သူကိုယ်တိုင်လည်း မီးတွင်းထဲမှာပဲ ဆုံးသွားခဲ့သည်။

အဲ့ဒီအချိန်ကတည်းက ကျော်တစ်ယောက် မိန်းကလေးဖြစ်ရမှာကို ကြောက်သွားခဲ့သည်။ မိန်းကလေးဖြစ်ရင် ကလေးမွေးရမည်။ ကလေးမွေးရင် သေမှာပဲဆိုတဲ့ အတွေးက ၅ နှစ်သမီးကတည်းက သူမကို ယောက်ျားလေးပုံစံ ပြောင်းလဲစေခဲ့သည်။

အဘွားဖြစ်သူ ဖျောင်းဖျလို့လည်း နားမဝင်။ အစွဲအလန်းကြီးသော ကျော်တစ်ယောက် ယခုထိ ယောက်ျားလေးတစ်ယောက်လို နေထိုင်ခဲ့သည်။

"ကျော်"

"ပြောလေ"

"မိခင်ဆိုတာ သားသမီးတွေအတွက် သူရဲကောင်းပဲ.. သူတို့ရဲ့ အသက်နဲ့ရင်းပြီး သူတို့ရင်သွေးလေးကို လူ့ဘဝထဲကို ခေါ်ဆောင်လာရတာ.. သူတို့အတွက်ခက်ခဲပေမယ့် သားသမီးမျက်နှာကို မြင်ရဖို့ ဒုက္ခတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး သေမင်းနဲ့ တိုက်ပွဲဝင်ရတာ.. ဒါကြောင့် မိခင်ဆိုတာ သူရဲကောင်းတွေပဲ..  ယောက်ျားလေးဖြစ်လို့ လူတွေကို ကူညီကယ်တင်နိုင်မှ သူရဲကောင်းမဟုတ်ဘူး.. မိန်းမသားတစ်ယောက်ဖြစ်ပြီး  လူစွမ်းကောင်းတွေကို မွေးထုတ်ပေးတာကလည်း သူရဲကောင်းပဲ.. ခုဆို မသန္တာက သူတို့မိသားစုအတွက် သူရဲကောင်းတစ်ယောက်ဖြစ်သွားပြီ.. မင်းအမေကလည်း မင်းအတွက် သူရဲကောင်းဖြစ်ခဲ့တာပဲလေ"

Because Of YouWhere stories live. Discover now