Episode -19

385 20 0
                                        

"ဟာ.. အားပါးပါး.. အများကြီးပါလား"

အခန်းထဲ ပြန်ရောက်မှ တစ်နေ့လုံး ကိုယ်နဲ့ ကွာနေတဲ့ ဖုန်းလေးကို ဖွင့်ကြည့်တော့ ခန့်ဆီမှ missed call ၃၈ ခုကို တွေ့လိုက်ရ၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"၁၁ နာရီတောင်ထိုးပြီ.. အိပ်ပြီလား မသိဘူး"

သူ့ဆီကို ပြန်ခေါ်ကြည့်လိုက်တော့ မကိုင်တော့။

"အိပ်သွားလောက်ရောပေါ့.. ငါကိုက မေ့တာပါ"

°°Good night ကိုကို.. ဖုန်းမကိုင်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်.. ကိုကို အိပ်မက်လှလှမက်ပါစေ°°

message လေးပို့ပြီးတော့သာ အိပ်ရာဝင်လိုက်ရတော့သည်။

"ဟင်း.. ငါ သူ့ကို ဂရုမစိုက်သလို ဖြစ်သွားလား"

သူ့ကို စိတ်ထဲက တောင်းပန်ရင်းနဲ့သာ အိပ်ပျော်သွားတော့သည်။

@@@@@@@@@@@@@@@

မနေ့က သူမဆီ ဖုန်းဆက်တော့ မကိုင်။ သို့သော် အိပ်ရာကနိုးနိုးချင်း သူမဆီက ပို့ထားတဲ့ message လေးကြောင့် နောက်နေတဲ့စိတ်တွေ ကြည်လင်သွားသည်။

"ချစ်ဖို့ကောင်းလိုက်တာ"

°°ကိုယ့်ဆီကို လာပေးလို့ရမလား.. သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့°°

'ငါ့ဆီလာခိုင်းရင် ကောင်းပါ့မလား.. သူ့ကို သွားကြိုရင် ပိုကောင်းမယ်ထင်တယ်'

ဒေါက်.. ဒေါက်..

ပို့ရနိုးနိုး လုပ်နေတုန်း အခန်းတံခါးခေါက်သံ ကြားလိုက်သဖြင့် လက်က ယောင်ပြီး send ကို နှိပ်မိသွားသည်။

"ဟာ!!.. သွားပါပြီ!!"

"သားရေ"

"ဗျာ"

"အောက်မှာ မေသူတို့ ရောက်နေတယ်"

"မေသူတို့??"

သူ စဉ်းစားရသွားသည်။ မေသူနဲ့ သူက အိမ်နီးတာမို့ သူ့အိမ်ကို မေသူက အဝင်အထွက် လုပ်နေကျ။ ဒီနေ့ သူ့ကားပျက်နေလို့ မေသူ့ကို လာခေါ်ခိုင်းတာပါ။

"မဟုတ်မှ လွဲရော.. "

သူမှန်းတာ မှန်မမှန် အောက်ကို အမြန်ပြေးဆင်းကြည့်တော့

Because Of YouTempat cerita menjadi hidup. Temukan sekarang