"ရွှေစင်"
"အင်း.. ပြောလေ"
"နင်က manageress ဖြစ်သွားပြီဆိုတော့ ငါ လာပြီး အလုပ်လုပ်ရင် လက်ခံဦးနော်"
"ဘာလို့လဲ.. နင့်အဖွားက မလုပ်ခိုင်းဘူးဆို"
"ဘယ်သူပြောတာလဲ"
"ထွဋ်ပြောတာ"
"အင်း.. ဟုတ်တယ်.. ဒါပေမယ့် ဒဏ်ရာက ပျောက်နေပြီပဲ.. လာလုပ်လို့ရပါပြီ"
"အင်း.. ဒီလောက် ဆန္ဒပြင်းပြနေပုံထောက်ရင် တစ်ခုခုက ဆွဲဆောင်ထားလို့နဲ့ တူတယ်"
ရွှေစင်ပြောတာ မှန်သွား၍ ကျော့်မျက်နှာလေး ရဲသွားသည်။
"နင်ကလည်း.. ငါလည်း ငွေရှာချင်လို့ပါ"
"နင်လိမ်ချင်လည်း ပိပိရိရိလိမ်.. နင့်မျက်နှာက ဒီလောက် သိသာနေတာကို"
"ဘယ်လို သိသာလို့လဲ"
ကျော်က သူမမျက်နှာလေးကို လက်နဲ့ စမ်းရင်း မေးလိုက်သည်။
"နင့်မျက်နှာက ငရုတ်သီးမှည့်နဲ့ တူနေပြီ"
"ဟင်!!.. ဘယ်လို"
"နင့်မျက်နှာက ပူနေတယ်လို့ မခံစားရဘူးလား"
"အေး.. ပူသလိုပဲ.. စပ်ဖျဉ်းဖျဉ်းနဲ့ ပူနေတယ်.. အဲ့ဒါနဲ့ပဲ ငရုတ်သီးမှည့် ဖြစ်ရောလား"
"ဒီမှာ ကြည့်"
ရွှေစင်က သူမရှေ့ကို မှန်အသေးလေး ထုတ်ပြလိုက်မှ ရှက်သွေးဖြာပြီး ရဲနေတဲ့ မျက်နှာလေးကို တွေ့လိုက်ရသည်။
"ဟင်!!.. ငါ ရှက်နေတာလား"
"အေးပေါ့.. တွေ့ဘူးလား.. ရဲနေတာမှ ငရုတ်သီးမှည့်လိုပဲ"
ရွှေစင်က စားသောက်ဆိုင်မှာ လုပ်တဲ့သူဆိုတော့ မြင်တွေ့နေကျ ငရုတ်သီးမှည့်နဲ့ ကျော့်မျက်နှာရဲရဲကို နှိုင်းပစ်လိုက်သည်။
"ကျော်.. နင် ဒီပုံစံနဲ့ဆိုရင် မဖြစ်သေးဘူး"
"ဘာဖြစ်လို့လဲဟ"
"နင်သာ ဒီလို မပြင်မဆင် ဆက်နေမယ်ဆိုရင် နင်တို့က သိပ်မလိုက်ဘူး.. ငါပြောတာကို ပေါက်တယ်မလား"
"အင်း.. ဒါပေမယ့် ငါမှ မပြင်မဆင်တတ်တာ"
ကျော့်စကားကြောင့် ရွှေစင်က လက်ညှိုးလေးကို ရမ်းပြလိုက်ရင်း