"ကိုကို.. ကျော့ကြောင့် သူငယ်ချင်းတွေကြားထဲ မျက်နှာငယ်ရတော့မှာပဲ"
"ဘာလို့ အဲ့လိုပြောရတာလဲ ကျော့ရဲ့"
ဆေးရုံထဲက ပန်းခြံလေးထဲမှာထိုင်ရင်း သူတို့၂ ယောက် စကားတွေ ပြောနေဖြစ်ကြသည်။
"ကိုကိုက ဆရာဝန်လေ.. ကျော့က ခုမှ ၁၀ တန်း.. "
"တော်တော့ ကျော့.. ကိုယ် ကျော့ကိုချစ်တာ ဘာကိုမှ ထည့်မတွက်ဘဲ ချစ်ခဲ့တာ.. ကျော့ပညာရေးနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်က ဘာမှ မငြိုငြင်ဘူး.. ပြီးတော့ ကိုယ့်သူငယ်ချင်းတွေက အဆင့်အတန်း မခွဲခြားတတ်ပါဘူး.. ကျော့လည်း သူတို့အကြောင်း အတော်အသင့်တော့ သိနေပြီပဲလေ"
"ဟုတ်တော့ ဟုတ်ပါတယ်.. ကိုကို စိတ်ချပါ.. ကျော့ စာမေးပွဲမှာ အမှတ်ကောင်းအောင် ဖြေပြီး ကိုကိုလည်းကျော့အတွက် မျက်နှာပွင့်စေရမယ်"
"ဟားဟား.. ဟုတ်ပါပြီ.. ကိုယ့်ကျော့လေးက လိမ္မာလိုက်တာ"
ခန့် သူမခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း သဘောကျစွာ ရယ်လိုက်သည်။
ထိုစဉ် ဖုန်းသံမြည်လာသဖြင့်
"ကျော့.. ခဏနော်"
"ဟုတ်"
"ဟုတ်ကဲ့.. ခန့်ဇော်အောင် ပြောနေပါတယ်"
"_ _ _ _ _ _ _"
"ဩော်.. ဟုတ်ကဲ့.. ကျေးဇူးပါပဲဗျ"
ကျော့ သူဖုန်းပြောနေတာကို ငေးကြည့်နေမိသည်။ ရုပ်ချောရုံတင်မက အပြောအဆိုပါ ချိုသာတဲ့ လူမျိုးကို ချစ်သူတော်ထားရပါလား ဆိုတဲ့ အတွေးကြောင့် အလိုလို ပြုံးလိုက်မိသည်။
"ကျော့.. အယ်.. ဘာတွေ တွေးပြီး ပြုံးနေတာလဲ"
"ဟီး.. ဒီလိုပဲ.. တွေးမိတာလေးက ပျော်စရာကောင်းလို့"
"အင်း.. ကိုယ့်ဆရာတစ်ယောက် ပြောတာတော့ ပျော်စရာအကြောင်းအရာ တစ်ခုခုကို တွေး တွေးပြီး ရယ်တတ်တဲ့သူက ဉာဏ်ကောင်းတယ်တဲ့"
"ဒါဆို ကျော့က ဉာဏ်ကောင်းတယ်ပေါ့"
"အင်း.. ကိုယ့်အမြင်မှာတော့ ကျော့က အရမ်းတော်ပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ပဲ"