Episode -23

317 15 0
                                    

"ခန့်.. ဘယ်လိုလဲ.. နင် လိုက်မှာ မဟုတ်လား"

"အေး.. လိုက်မှ ဖြစ်မှာပေါ့.. လူအားက တော်တော်နည်းနေတာ"

"အင်း.. တခြားဆေးရုံတစ်ခုနဲ့ ပေါင်းပြီး သွားဖို့ စီစဉ်ထားတာပဲ.. သူတို့ဘက်က လူတွေနဲ့ ဆိုရင်တော့ လူအားတောင့်သွားပါပြီ"

ခန့် သက်ပြင်းချလိုက်မိသည်။ သူတို့ဆေးရုံက တစ်နှစ်တစ်ခါ နယ်စွန်နယ်ဖျား ခေါင်တဲ့နေရာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပရဟိတအဖွဲ့ဝင်တွေနဲ့အတူ သွားနေကျ။

ခန့်တို့က အမာခံဆရာဝန်တွေ။ အချို့ဆရာဝန်တွေက အလှည့်ကျနဲ့ လိုက်ကြရပေမယ့် ခန့်တို့ဌာနကတော့ နှစ်တိုင်း လိုက်ရသည်။

"ဘာလဲ.. တစ်လလောက် ခွဲရမှာမို့ ဆွေးသွားတာလား"

"နင်တို့က သွားလေရာ အတူတူ ဆိုတော့ ပြောအားရှိတာပေါ့.. ငါကတော့ လွမ်းရဦးမှာပေါ့ဟာ"

"သူ့ရော ခေါ်ခဲ့ရင်ရော"

"ဟာ.. မဖြစ်ဘူး.. သူက စာမေးပွဲဖြေရဦးမှာ.. ပြီးတော့ ငါတို့သွားမယ့် နေရာတွေက ခရီးလမ်းက ကြမ်း.. ရာသီဥတုက ကြမ်းနဲ့ မခေါ်ရက်ပါဘူးဟာ"

"ဟင်း.. ငါတို့တော့ အပူမိတော့မှာပဲ"

"တော်စမ်းပါ မေသူရာ.. နင်တို့ကိုလည်း ငါ ဘာမှ မပြောပါဘူး.. နင်တို့ဟာနင်တို့ ကြိုက်သလောက်သာ ro ကြ.. ဟုတ်ပြီလား.. ဘယ့်နှယ့်.. ပရဟိတလုပ်အားပေးဖို့ သွားမှာကို ပျားရည်စမ်းခရီးထွက်မယ်များ မှတ်နေလား မသိဘူး"

"ငါကတော့ အဲ့လိုပဲ တွေးထားတယ်"

"ဟာ.. ဝင်းသူ.. နင်နော်"

ခန့်နဲ့ မေသူ စကားပြောရာကို ဝင်းသူရောက်လာပြီး မေသူ့ပုခုံးလေးကို ဖက်ထားလိုက်သည်။

"ဝင်းသူ.. ဆေးရုံမှာနော်.. မကဲနဲ့"

"မင်းကလည်းကွာ.. ငါတို့ အဲ့လောက်တော့ နားလည်ပါတယ်"

"အဲ့လိုပြောပြီးတော့ မင်းတို့ပဲ.. ဟာကွာ"

ခန့် စကားတောင် မဆုံးသေး။ ဝင်းသူက မေသူ့ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည်။

"ဟာ.. စိတ်ရှုပ်တယ်ကွာ.. ဝင်းသူ.. မင်း round မလှည့်ရသေးဘူး မလား"

"အယ်.. ဟုတ်သားပဲ"

"ဟင်း.. မပြောချင်ဘူး.. အလုပ်ကို မလေးမစားနဲ့"

ခန့် ပွစိပွစိပြောရင်း နားနေခန်းထဲက ထွက်လာလိုက်သည်။ သူတို့ကို ဆက်ကြည့်နေမိရင် ကျော့ဆီကို ချက်ချင်း ပြေးသွားချင်စိတ်တွေ ပေါက်လာမှာ သေချာသည်။

@@@@@@@@@@@@@@@

"ကျော့.. ဟိုမှာ.. နင့်ရဲ့ ဒေါက်တာကိုကို"

ရွှေစင်ပြရာကို ကြည့်လိုက်တော့ ဆိုင်ထဲ ဝင်လာတဲ့ခန့်ကို တွေ့လိုက်ရသည်။

"ကိုကိုတောင် ရောက်လာပြီပဲ.. အချိန်တွေက အကုန်မြန်လိုက်တာ"

"စာမေးပွဲအတွက် စိတ်လှုပ်ရှားနေတာလား"

"အင်း.. ငါသွားတော့မယ်"

"အေး.. အရမ်းလည်း အကြည်ဆိုက်မနေကြနဲ့ဦး.. နင်တို့ကို မြင်ရင် လူတစ်ယောက်ကို သနားမိလို့"

"ဟင်.. ဘာပြောလိုက်တာလဲ"

ကျော့ ရွှေစင်ပြောတာကို နားစွန်နားဖျား ကြားလိုက်သဖြင့် သေချာအောင် ပြန်မေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး.. သွားတော့လေ.. ကိုယ့်တာဝန်ကိုယ် ကျေအောင်လုပ်"

"အင်းပါ"

ကျော့ ခန့်ထိုင်နေတဲ့ ဝိုင်းဆီ လျှောက်သွားလိုက်သည်။

"ကိုကို.. ဘာသောက်မလဲ"

"နဂါးမောက်သီးဖျော်ရည်"

"ခဏပဲစောင့်နော်"

"ကျော့"

လှည့်ထွက်ဖို့ ပြင်နေတဲ့ ကျော့လက်ကလေးကို လှမ်းဆွဲလိုက်ရင်း

"ဒီက အလုပ်သမားတွေကိုပဲ မှာလိုက်ပါ"

"ကျော့လည်း အလုပ်သမားပဲလေ"

"ကျော့က ဒီဆိုင်က ဝန်ထမ်းမှ မဟုတ်တာ"

ခန့်စကားကြောင့် သူမ မျက်လုံးလေးတွေ ဝိုင်းစက်သွားသည်။

"ကိုကို.. ဘယ်လိုလုပ် သိသွားတာလဲ"

ခန့် တစ်ချက် ပြုံးလိုက်ရင်း

"ဒီဆိုင်က ဝန်ထမ်းတွေက customer တွေနဲ့အတူ မုန့်စားပိုင်ခွင့် မရှိဘူးလေ.. ခုလို ကိုယ်ရေးကိုယ်တာ စကားတွေလည်း ပြောခွင့် မရှိဘူးလေ"

"ကိုကို ဘယ်တုန်းကတည်းက သိတာလဲ"

"သိပ်မကြာသေးပါဘူး"

တကယ်ဆို ထွဋ်နဲ့ သူမ မုန့်အတူ စားနေတာကို တွေ့ပြီးမှ သိခဲ့ရတာပါ။

"ပြောပါဦး.. ကိုယ့်ကို ဘာလို့ ဖုံးကွယ်ထားတာလဲ"

"ဟို.. တကယ်တော့ ကျော့ ဒီဆိုင်မှာ အလုပ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်.. ဒါပေမယ့် ဒီဆိုင်က ဝန်ထမ်းတွေက customer တွေနဲ့ အတူ ရင်းရင်းနှီးနှီးနေလို့ မရဘူး ဆိုတဲ့ စည်းကမ်းချက်ကြောင့် ကျော့ ဒီမှာ မလုပ်ဖြစ်တော့တာပါ.. ဒါပေမယ့် ကိုကို့ကို နေ့တိုင်းတွေ့ချင်လို့ ကိုကို့အတွက် တစ်ပင်တိုင် waitress လုပ်မိတာပါ"

သူမစကားကြောင့် ခန့်ရင်ထဲ ကြည်နူးမိသွားသည်။ သူ့ကို နေ့တိုင်းတွေ့ချင်လို့ စားပွဲထိုး လုပ်ခဲ့တာတဲ့။ သူ့တစ်ယောက်တည်းအတွက်ပဲ စားပွဲထိုး လုပ်ပေးတာတဲ့။

အပျော်တွေက ဖုံးထားလို့ မရ။ အလိုလို ပြုံးမိသွားသည်။

"ကျော့ အအေး သွားမှာလိုက်ဦးမယ်နော်"

"ဩော်.. အင်း"

''ကိုကို့ကို နေ့တိုင်းတွေ့ချင်လို့''

သူမစကားကို ပြန်တွေးမိတော့ တစ်လကြာ ခရီးသွားရမယ့်အကြောင်း ဘယ်ကစ ပြောပြရမလဲ မသိတော့။ ဖြစ်နိုင်ရင် သူမလေးကိုပါ ခေါ်သွားပြီး တောတောင်ရေမြေ သဘာဝအလှတွေကို ၂ ယောက်အတူ ခံစားချင်သည်။ မိုးလင်းကနေ မိုးချုပ် သူမကို တွေ့နိုင်သည်။

သို့သော် သူတို့သွားမယ့် နေ့က ကျော့ စာမေးပွဲ စဖြေရမယ့် ရက်မို့ ခေါ်သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်။ ကိုယ် ဘယ်လို ပြောပြရမလဲ ကျော့ရယ်။

@@@@@@@@@@@@@@@

"သားရေ.. ထွဋ်.. သားဖေဖေဆီက ဖုန်းလာတယ်.. သားနဲ့ ပြောချင်လို့တဲ့"

ဒေါ်ကြင်မွှေးက ဖုန်းကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။

"ဖေဖေ.. နေကောင်းတယ်မလား.. ဟိုကို ပြန်သွားပြီးကတည်းက ခုမှပဲ ဖုန်းဆက်တော့တယ်"

"_ _ _ _ _ _ _"

"ဟုတ်.. ပြောလေ"

"_ _ _ _ _ _ _"

"ဗျာ"

တစ်ဖက်က စကားတွေကြောင့် ထွဋ်မျက်နှာ ညှိုးကျသွားသည်။ သူ့မျက်နှာပေါ်က အပြုံးတွေလည်း ပျောက်ပြယ်ကုန်သည်။

"ဟုတ်ကဲ့.. ကျွန်တော် နားလည်ပါပြီ"

ဖုန်းချလိုက်သည့်တိုင် သူ့စိတ်တွေ လေးလံနေမိသည်။

"ဟင်း.. .. .. "

သက်ပြင်းချလိုက်တဲ့လေထဲ သူ့ရဲ့ စိတ်ညစ်နေတာတွေ တစ်ခါတည်း ပါသွားရင် အကောင်းသား။

@@@@@@@@@@@@@@@

"ဟင်!!.. တစ်လ.. ဟုတ်လား"

"အင်း"

"ကျော့တော့ ကိုကို့ကို လွမ်းနေရတော့မှာပဲ.. ဒါပေမယ့် ရပါတယ်.. နေ့တိုင်း ဖုန်းဆက်လို့ ရတာပဲ"

"ဟိုလေ.. ကျော့.. အဲ့ဒီဘက်တွေက အရမ်းကြီး ခေါင်တော့ ဖုန်းလိုင်းတွေ မမိဘူး.. အဆက်အသွယ်လုပ်ချင်ရင် စာနဲ့ပဲ လုပ်ရတာ.. စာတစ်ခါပို့ရင်တောင် ၂ လလောက်ကြာမှ ရောက်တာ"

"ဟင်!!.. အဲ့လောက်ကြီးတောင်လား"

"အင်း"

ခန့် ခေါင်းကို လေးပင်စွာ ညိတ်ပြလိုက်သည်။

"ကိုယ်လည်း မသွားချင်ဘူး.. ဒါပေမယ့် မသွားမဖြစ်မို့"

"ရပါတယ် ကိုကိုရယ်.. ကျော့ နားလည်ပါတယ်.. ကိုကို သွားမယ့် ခရီးကိုသာ စိတ်ဖြောင့်ဖြောင့် သွားပါ.. ကိုကို ကျော့ကို လွမ်းရင် လမင်းကြီးကနေ ဆက်သွယ်လိုက်လေ.. ကျော့ ညတိုင်း လမင်းကြီးကို ကြည့်နေမယ်လေ.. လကွယ်ညက လွဲပြီးပေါ့"

'ကျော့ရယ်'

ခန့် သူမလက်လေးကို ဆုပ်ကိုင်ရင်း အကြင်နာအပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်သည်။ သူ့အပေါ် နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်မိသည်။

"ကျော့.. သဘက်ခါဆို စာမေးပွဲ ဖြေရတော့မှာနော်.. ကျန်းမာရေးဂရုစိုက်နော်.. အချိန်မှန်အိပ်.. အချိန်မှန်စား.. ဟုတ်ပြီလား"

"ဟုတ်"

ကျော့မျက်နှာလေး ညှိုးသွားတော့ သူ စိတ်မကောင်းဖြစ်မိသည်။

'ကျော့ရယ်.. ဒါက ကိုယ်တို့ အတွက် ပထမဆုံး အခက်အခဲပဲ.. ကိုယ်တို့ ကြိုးစားကျော်ဖြတ်ကြတာပေါ့'

@@@@@@@@@@@@@@@

စာမေးပွဲတွေလည်း ဖြေပြီးသွားကြပြီ။ ဒီနေ့နဲ့ဆို ခန့်ကို မတွေ့ရတာ ၈ ရက်မြောက်နေ့။

"ကျော့.. ဖြေနိုင်လား"

နောက်ဆုံးဘာသာဖြေအပြီး ထွဋ်နဲ့ ကျောင်းရှေ့မှာ ပြန်ဆုံကြသည်။

"အင်း.. နင်ရော"

"အင်း.. ဘာသာစုံ အခြေအနေကောင်းတယ်"

"အင်း"

"ကျော့.. မင်း ဘာဖြစ်နေတာလဲ.. ဖြေနိုင်တယ်လည်း ပြောသေးတယ်.. မျက်နှာလည်း မကောင်းဘူး"

"ထွဋ်"

"အင်း.. ပြောလေ"

"ငါ သူ့ကို မတွေ့ရတာ ၈ ရက်တောင် ရှိသွားပြီဟ"

"ဘယ်သူ???.. ကိုခန့်ဇော်အောင်ကိုလား"

"အင်း.. သူ ခရီးထွက်သွားတာ.. တစ်လလောက် ကြာမှာတဲ့"

ဒါကြောင့် ဒီရက်ပိုင်း ခန့်နဲ့ ကျော့ကို တွဲမတွေ့ဖြစ်မှန်း သိလိုက်သည်။ အစကတော့ ကျော့က စာမေးပွဲရှိလို့ စာထဲပဲ စိတ်နှစ်ထားသည်ဟု ထင်ခဲ့မိသည်။ တကယ်တော့ လွမ်းနာကျနေမှန်း ခုမှ သိလိုက်ရသည်။

"ကျော့.. ငါတို့ စာမေးပွဲတွေ ပြီးသွားပြီဆိုတော့ ဒီနေ့တစ်ရက် လျှောက်လည်ကြမလား"

"ဟင်"

"လာပါ.. ဦးနှောက်ဆေးပြီးသား ဖြစ်တာပေါ့"

"အင်း.. လည်မယ်လေ"

ဒီလိုနဲ့ ၂ ယောက်သား အိမ်ပြန် အဝတ်လဲပြီး နေရာစုံ လျှောက်လည်ကြသည်။ ဘုရားသွားကြသည်။ တိရစ္ဆာန်ဥယျာဉ် သွားလည်ကြသည်။ကစားကွင်းလည်း သွားကြသည်။

"ကျော့.. တိုက်ကား စီးရအောင်"

"ဟာ.. ငါ မမောင်းတတ်ဘူး"

"ငါနဲ့အတူ စီးမယ်လေ.. လာပါ.. ပျော်ဖို့ ကောင်းတယ်"

အစပိုင်းတော့ အင်တင်တင်နဲ့ ထွဋ် ဆွဲခေါ်၍ တိုက်ကားပေါ် ထိုင်လိုက်ရင်း အနည်းငယ် ကြာလာတော့

"ဟဲ့.. ထွဋ်.. ဟိုအတွဲကို လိုက်တိုက်.. ငါတို့ကို ဝင်တိုက်တာ ၂ ခါ ရှိပြီ"

"ဟာ.. ဟိုမှာ အချောလေးတွေ"

ထွဋ်က ကောင်မလေး ၂ ယောက်စီးနေတဲ့ ကားကို ဝင်တိုက်မယ် လုပ်တော့ ကျော့က လက်ကိုင်ကို အတင်းဆွဲလှည့်သည်။

"အရေးထဲ နှာထနေသေးတယ်.. မရဘူး.. ဟိုအတွဲကိုပဲ တိုက်မယ်"

"နေပါဦး.. မင်း အဲ့ဒီကောင်ကို ကြိုက်နေတာလား.. ဒီလောက် တိုက်ချင်နေရအောင်"

"ဘာ!!!!.. ထွဋ်!!.. ဟာ.. မရဘူး.. ဒီဘက်သွားမယ်"

ဒုန်း.. .. ..

Because Of YouМесто, где живут истории. Откройте их для себя