Episode -18

432 20 0
                                        

နားထဲဝင်လာတဲ့ ငှက်လေးတွေရဲ့ တွန်ကျူးသံ၊ လှိုင်းပုတ်သံတို့ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်နေသော မျက်လုံးတို့ကို လက်နဲ့ပွတ်ရင်း မျက်လုံးကို အားတင်းကာ ဖွင့်ကြည့်လိုက်တော့ သူ့ရင်တွေ အခုန်မြန်သွားသည်။

သူ့မျက်နှာနဲ့ နီးကပ်စွာ ရှိနေတဲ့ ကျော့မျက်နှာလေး။ ငုတ်တုပ်ထိုင်အိပ်နေတာမို့ ကျော့မျက်နှာက သူ့မျက်နှာနဲ့ သိပ်မဝေးလှ။ ကျော့မျက်နှာလေးကို လက်ဝါးနဲ့ အသာကိုင်လိုက်ရင်း အလိုလို ပြုံးမိသွားသည်။ အနည်းဆုံး- တော့ ကျော့ရင်ထဲမှာ သူက အရေးပါတဲ့ လူတစ်ယောက်ဆိုတာ သိခွင့်ရခဲ့သည်။ သူ့ရဲ့နာကျင်မှုတွေကို ထပ်တူထပ်မျှ ခံစားပေးခဲ့သည်။

အပြင်ကို ကြည့်လိုက်တော့ မှောင်ရိပ်မပြယ်သေး။ နာရီကို လှမ်းကြည့်တော့ ၅ နာရီခွဲသာ ရှိသေးသည်။ တခြားသူတွေမမြင်ခင် သူဒီအခန်းထဲက ထွက်သွားရမည်။ တစ်ယောက်ယောက်သာ သူဒီအခန်းထဲမှာ ဒီအချိန်ထိ ရှိနေတာသာ မြင်ခဲ့ရင် ကျော့အတွက် မကောင်း။

'ငါ တစ်ချိန်လုံး ဒီတိုင်းအိပ်နေခဲ့တာလား.. ခြေထောက်တွေတော့ ညောင်းနေတော့မှာပဲ'

ကျော့က ဆိုဖာရှည်ပေါ်မှာထိုင်၍ ထွဋ်က သူမပေါင်ပေါ်မှာ အိပ်နေခဲ့ခြင်း ဖြစ်သည်။ ကျော့ နိုးသွားမည်စိုး၍ အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို ထိန်း၍ ထလိုက်သည်။ ငုတ်တုပ်အိပ်နေတဲ့ ကျော့ကိုယ်လေးကို အသာပွေ့ရင်း ခုတင်ပေါ်တင်ပေးလိုက်သည်။

"အ!!"

ခြေကျဉ်နေသည်ထင်ပါရဲ့။ သူမခြေထောက်ကို ဆန့်လိုက်တော့ မျက်နှာလေးမဲ့သွားကာ ညည်းသံလေး ထွက်လာသည်။

'ငါ့ကို ခုလို ကြင်နာပေးလို့ ကျေးဇူးတင်ပါတယ်'

ထွဋ် သူမနဖူးလေးကို မြတ်မြတ်နိုးနိုးနဲ့ နမ်းလိုက်မိသည်။ စောင်ပါးလေးကို ခြုံပေးရင်း

"happy birthday ပါ ကျော့.. မင်းချစ်တဲ့သူနဲ့ သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ.. စိတ်ရင်းနဲ့ ဆုတောင်းပေးတာပါ.. မင်းပျော်ရွှင်နေရင် ငါလည်း စိတ်ချမ်းသာပါတယ်"

ကျော့ကို အကြည့်လွှဲရင်း အခန်းထဲမှ လေးပင်တဲ့ ခြေလှမ်းတွေနဲ့ ထွက်လာလိုက်သည်။

Because Of YouWhere stories live. Discover now