"ကျော့.. နင့်ကို ငါ တစ်ခုတော့ ပြောချင်တယ်"
"အင်း.. ဘာလဲ"
"ငါတို့ဆိုင်မှာ စည်းကမ်းချက် ထားထားတာရှိတယ်"
"အင်း.. ဘာများလဲ"
"ဝန်ထမ်းတွေက customer နဲ့ အတူ စကားပြောလို့မရဘူး.. စားစရာမှာတာက လွဲလို့ပေါ့ဟာ"
ရွှေစင့်စကားကြောင့် ကျော့ ဝေခွဲရခက်သွားသည်။ သူမ ဒီဆိုင်မှာ အလုပ် လုပ်ချင်တယ်ဆိုတာက သူနဲ့ နီးစပ်ချင်လို့။ ခုတော့ ဆိုင်က ချမှတ်ထားတဲ့ စည်းကမ်းကြောင့် အကျပ်ရိုက်သွားသည်။
"ကောင်းပြီ.. ဒါဆို ငါ မလုပ်တော့ဘူး"
"ဟင်!!.. ဘာလို့လဲ"
"ငါ ဒီကိုနေ့တိုင်းလာမယ်.. နင့်ကို တစ်ခုလောက်တော့ တောင်းဆိုချင်တယ်"
ကျော့စကားကို ရွှေစင် မျက်လုံးဝိုင်းလေးတွေနဲ့ စိတ်ဝင်တစား နားထောင်နေသည်။
"သူလာရင် သူ့အတွက်စားစရာကို ငါပို့ပေးလို့ရမလား"
"ဩော.. လက်စသတ်တော့ နင်က သူ့ရဲ့ တစ်ပင်တိုင်စားပွဲထိုးမလေး လုပ်ချင်တာပေါ့"
"နင်က သဘောပေါက်လွယ်သားပဲ"
"ရွှေစင်လေ.. ဒီလောက်တော့ ပါးပါတယ်"
" "ခ်ခ်" "
၂ ယောက်လုံးရဲ့ ရယ်သံတွေက ဆိုင်တွင်းမှာ ဖွင့်ထားတဲ့ သီချင်းသံအေးအေးကြားမှာ တစ်စွန်းတစ်စ ပေါ်ထွက်လာသည်။
@@@@@@@@@@@@@@@
"ကျွန်မနာမည် အပြည့်အစုံက ကျော့နန္ဒာပါ"
ကျော့ ခန့်ကို ပြုံးပြရင်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ ခန့်ကတော့ သူမကို ငေးကြည့်နေဆဲ။
"တွေ့ချင်နေခဲ့တာ"
"ရှင်!!!"
သူ့ဟာသူ ခပ်တိုးတိုး ရေရွတ်လိုက်ရင်းမှ ကိုယ့်ပါးစပ်ကိုယ် လက်နဲ့ အုပ်လိုက်မိသည်။
"ဟို.. ကျော်.. အဲ.. ကျော့က ဒီမှာလုပ်တာလားဟင်"
"ဟုတ်ကဲ့.. အချိန်ပိုင်း ဝင်လုပ်တာပါ"
'ရှင်ရှိတဲ့ အချိန်အတွက်ပေါ့'
"ကိုယ်.. စကားပြောလို့ရလားဟင်"