[Unicode]
"Hyunieကို ကိုကိုအရမ်းချစ်တယ်"
"ဘယ်လောက်ချစ်တာလဲ"
"ပင်လယ်ပြင်ကြီးလိုကျယ်ပြန့်ပြီး ကောင်းကင်ကြီးလိုနှိုင်းဆလို့မရလောက်တဲ့အထိချစ်တာ"
"တကယ်ကြီး?"
"Omm တကယ် Hyunie ရော ကိုယ့်ကိုဘယ်လောက်ထိချစ်လဲ"
" Hyunie ရဲ့အချစ်က ကိုကို့ထက်မပိုရင်တောင် မလိုပါဘူးကိုကိုရယ်"
"ဟား ဟုတ်ပါပြီဗျာ ကိုယ့်ရဲ့ Hyunie ကစကားတွေတတ်နေလိုက်တာ ချစ်လိုက်တာကွာ"
ကိုကိုက ကျွန်တော့်ကို အသည်းယားလို့ထင်ပါရဲ့ သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲကို ကျွန်တော့်ရဲ့ကိုယ်လေးကိုဆွဲသွင်းကာ ကျွန်တော့်ရဲ့ဆံပင်လေးတွေကို နမ်းရှုံ့နေလေရဲ့
ကျွန်တော်ခိုလှုံတဲ့အချိန်တိုင်း နွေးထွေးလုံခြုံမှုတွေကိုပေးနိုင်တဲ့ ကိုကို့ရဲ့ရင်ခွင်ကျယ်ကြီးကို ချစ်တယ် နားရွက်ကားကားလေးတွေကိုလဲချစ်တယ် ရယ်လိုက်တိုင်းပေါ်လာတဲ့ ဘယ်ဖက်ပါးထက်က ပါးချိုင့်လေးကိုလဲ ချစ်တယ် ကျွန်တော့်ကိုမြတ်နိုးမှုတွေအပြည့်နဲ့ကြည့်တတ်တဲ့ မျက်မှန်အောက်ကမျက်လုံးဝိုင်းဝိုင်းလေးတွေကိုလဲချစ်တယ် ရမ္မက်ကင်းတဲ့အနမ်းတွေပေးတတ်တဲ့ နှုတ်ခမ်းထူထူကိုလဲချစ်တယ် ကိုကိုနဲ့ပတ်သက်တဲ့အရာတိုင်းကို ကျွန်တော် ချစ်တယ်
ကိုကိုနဲ့ကျွန်တော်က uni တူပြီး မေဂျာမတူ ကိုကိုက စီးပွားရေးမေဂျာဒုတိယနှစ်က အတော်ဆုံးကျောင်းသားတစ်ယောက် စာမေးပွဲတိုင်းမှာ အဆင့် ၁
ကျွန်တော်က ပန်းချီမေဂျာ ပထမနှစ် စာအတော်ထဲတော့မပါပေမယ့် မညံ့ပါ အလယ်အလတ်တွင်ရှိသည်လေကိုကိုကစာတော်သလောက် ရုပ်လည်းချော ဆက်ဆံရေးလည်းကောင်းတော့ ကျောင်းမှလူအကုန် Park Chan Yeok ဆိုလျှင်မသိသူမရှိ
ကိုကိုရဲ့အမေကကျန်းမာရေးမကောင်းလို့ ကိုကိုကကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ သူ့ကျောင်းစရိတ်နဲ့ အမေ့ဆေးဖိုးရှာရသည်
ကျွန်တော့်မေမေဆုံးသွားပြီးတဲ့နောက်မှာကိုကိုရဲ့မေမေက ကျွန်တော့်ကိုသားအရင်းတစ်ယောက်လို ကျွေးမွေးပြုစုခဲ့တယ်