[Unicode]
"မောင် ဒီမှာ ထိုင်နေနော်....ကျွန်တော်ဆေးသွားယူလိုက်ဦးမယ်"
ကျွန်တော့်ကို ကုတင်ပေါ်မှာထိုင်ခိုင်းပြီးတော့ ဆေးဘူးအပြေးအလွှားသွားယူတဲ့ baby လေး...
ခဏကြာတော့ ပြန်ရောက်လာပြီးတော့ ကျွန်တော်ထိုင်နေတဲ့ရှေ့မှာ ဒူးထောက်ပြီးလိုက်တယ်....
"Baby ဒူးမထောက်နဲ့ မောင်မကြိုက်ဘူး"
"ကျွန်တော်ချစ်တဲ့လူရှေ့မှာ ထောက်တာ ဘာဖြစ်လဲ!"
"မောင်မကြိုက်ဘူးကွာ..."
"Aww...မောင်ရယ်...ကျွန်တော်က မောင့်ရှေ့မှာဒူးထောက်တာမထူးဆန်းပါဘူး...ကျွန်တော့်နှလုံးသားရော ကျွန်တော့်ရဲ့စိတ်ရောက မောင့်အပိုင်...
မောင်က တခြားလူတွေရှေ့မှာ ကျွန်တော့်ကို ဒူးမထောက်စေချင်တာမလား...ကျွန်တော်မလုပ်ပါဘူး...ကျွန်တော့်ရဲ့ ချစ်ရတဲ့မောင့်အရှေ့မှာဘဲ ဒူးထောက်မှာ...တခြားလူတွေ ကျွန်တော့်ခြေထောက်ကို ရိုက်ချိုးပြီးထောက်ခိုင်းတောင်မထောက်ဘူး"
ကျွန်တော့်စိတ်ကို အပိုင်ရနေသည့်အလား ပြောချလိုက်တဲ့ baby လေးကြောင့် ကျွန်တော်ဘာမှပြန်မပြောနိုင်တော့....
"မောင် လက်ကို ငြိမ်ငြိမ်ထားနော်...ကျွန်တော်ဆေးထည့်ပေးမလို့"
လက်လေးတစ်ဖက်က ကျွန်တော့်လက်ဖျားလေးတွေကိုကိုင်ပြီး တစ်ဖက်က ဂွမ်းစလေးကို အရက်ပြန်တို့ပြီး အနာတွေကို သေချာသန့်စင်ပေးနေသည်...
အရက်ပြန်နဲ့ဆေးတော့ ကျွန်တော်စပ်မှာစိုးလို့ထင်...နှုတ်ခမ်းလေးက ချွန်ချွန်လာပြီး လေနဲ့မှုတ်ပေးသေးသည်....
ဆေးသေချာထည့်ပေးပြီး ပတ်တီးစည်းပေးသည်....ပတ်တီးစည်းနေတုန်း မျက်ဝန်းလေးတွေက ဒဏ်ရာကိုသေချာအာရုံစိုက်နေသလိုဘဲ...
ပတ်တီးစည်းပေးပြီးတော့ ခေါင်းလေးငုံ့ပြီး ပတ်တီးပေါ်ကို နှုတ်ခမ်းပါးပါးလေးနဲ့ထိကပ်လာသည်....
"ဒီအနာတွေဖြစ်ရတာ ကျွန်တော့်ကြောင့်...
ကျွန်တော့်ကြောင့်ဖြစ်တဲ့ဒဏ်ရာတွေကို ကျွန်တော်ကဘဲပြန်ကုစားပေးပါ့မယ်...