[Unicode]
ကျွန်တော် Chan Yeol အခန်းထဲက ပြေးထွက်လာလိုက်တယ်....ကျွန်တော့်ရင်ဘတ်ထဲမှာ မြင်းအုပ်ကြီးပြေးနေတဲ့အတိုင်း ခုန်ပေါက်နေတာ ပေါက်ထွက်တော့မယ့်အတိုင်းဘဲ...ကျွန်တော် ရင်ခုန်နေတာ arnyi ရင်တွေတုန်တာ တခြားလူကြားမှာတောင် စိုးရိမ်ရတယ်....အသက်ရှူမဝသလိုဖြစ်လို့ ပိတ်ထားတဲ့အခန်းတံခါးကို မှီပြီ အသက်ကို မနည်းရှူနေရတာ....ခဏကြာကျွန်တော် စိတ်ငြိမ်သွားတော့ ကျွန်တော် အောက်ထပ်ကို ဆင်းလာလိုက်တယ်....
"Baek လေး Chan Yeol က မနိုးသေးဘူးလား"
"ကိုလေး သူရေချိုးနေလို့တဲ့ ခဏနေဆင်းလာမယ်ပြောတယ်"
"Aww အေးပါ"
"ကိုလေး ကျွန်တော်တို့ အရင်စားနှင့်လို့ မရဘူးလား...ကျွန်တော် ဗိုက်ဆာနေပြီ..."
"Baek လေး ဗိုက်ဆာနေပြီလား...အဲ့ဒါဆို စားနှင့်ရအောင်"
"ဟုတ်"
ကျွန်တော်နဲ့ ကိုလေး ထမင်းစားပွဲမှာဝင်ထိုင်ထိုင်ချင်း အပေါ်ထပ်က ကပြာကယာဆင်းလာတဲ့ Chan Yeol
"Chan Yeol shi မနက်စာ....."
ကျွန်တော့်စကားတောင်မဆုံးလိုက် အိမ်ရှေ့ရောက်နေပြီ...တွေ့လား Yoda စုတ်ကြီး လူကို အရေးမလုပ်ဘူး...ဂါး...စိတ်တိုလိုက်တာ....နေဦး ပြန်လာမှ စကားမပြောဘဲနေဦးမှာ...
ငါကဘာလို့ သူ့ကို စိတ်ဆိုးနေတာလဲ....အား...မသိတော့ဘူးကွာ စိတ်ရှုပ်တယ် ထမင်းသွားစားတာဘဲကောင်းတယ်
••••••••❤️ L H R 💔 •••••••••
Sehun နဲ့ချိန်းထားတဲ့ ကော်ဖီဆိုင်ကို ကျွန်တော်ရောက်တော့ Sehun က ကျွန်တော်ကို လှမ်းခေါ်တယ်
"Chan Yeol ငါဒီမှာ"
"Sehun ဟိုကောင်တွေအကြောင်းသိရပြီဆို...ဘယ်မှာလဲ အဲ့ကောင်တွေ... ငါအခုသိချင်တယ်"
"စိတ်လျှော့ပါကွာ...ဖြည်းဖြည်းပေါ့ ငါ့ကောင်ရာ"
"မလျှော့နိုင်ဘူး Sehun ဟိုကောင်တွေ ဘယ်မှာရှိလဲဆိုတာ ငါအခုသိချင်တယ်"
"ဒီမှာ... အဲ့ဖိုင်ထဲမှာအကုန်ပါတယ်"
"Ok မင်းတာဝန်ကျေတယ် Sehun...အဲ့တော့ ငါ့လုပ်ငန်းစရမှာပေါ့..."
