Part - 2

2.3K 204 26
                                    


[Unicode]

ပြာလဲ့နေသော ကောင်းကင်ကြီးအောက် ကျယ်ပြန့်လှတဲ့ မြက်ခင်းပြင်အလယ်...

"မောင် ... ကျွန်တော့်ကိုလိုက်ဖမ်း"

"မဖမ်းချင်ပါဘူး မောတယ်"

"ဖမ်းပါဆို ဖမ်းမိရင် popo တွေအများကြီးပေးမယ်"

"အခုပေးလေ"

"အခုမပေးချင်ပါဘူး လိုက်ဖမ်းလို့မိမှပေးမှာ ဘလာ ဘလာ"

ကျွန်တော့်ကိုလျှာထုတ်ပြောင်ပြပြီး ပြေးသွားတဲ့ ကောင်လေး...ဖမ်းမိလို့ကတော့ ဟင်း...ဟင်း...
ကျွန်တော် ငါးခူပြုံးပြုံးလိုက်သည် အတိအကျပြောရရင်တော့ လူယုတ်မာပြုံးပေါ့...

သူ့ခန္ဓာကိုယ်လေးက သေးညက်ပြီး ခြေတံတိုသောကြောင့် ခြေသံရှည်သည့် ကျွန်တော်က သူ့ကို လွယ်လွယ်လေး ဖမ်းမိတာပေါ့...

ကျွန်တော် ကောင်လေးကိုဖမ်းမိတဲ့အခါ ခါးသိမ်သိမ်လေးတွေက ကျောဘက်က သိုင်းဖက်လိုက်သည်...

"ကဲ မိပြီ ဘာတတ်နိုင်သေးလဲ... နမ်းတော့ baby"

"နမ်းချင်ဘု ခ် ခ်"

"Aww......မနမ်းဘူးပေါ့"

"Omm"

"မပေးရင် အပြစ်ပေးမှာနော် မကြောက်ဘူးလား baby"

"ပေးပေါ့ ကြောက်ဘု ခ် ခ်"

ကျွန်တော်ရှေ့မှာ မျက်လုံးလေးတွေ ပိတ်တဲ့အထိ အသံထွက်ကာ ရယ်နေတဲ့ ကောင်လေး...ဘာတွေများသဘောကျနေတယ်မသိ...

"မပြစ်ပေးမှာ မကြောက်ဘူးပေါ့ အဲ့ဒါဆို လာခဲ့"

"‌ခစ် ခစ် မောင်... မလုပ်နဲ့ ...ခစ် ခစ် ယားတယ်လို့ ကလိမထိုးနဲ့ဆို မောင်...လူယုတ်မာကြီး"

"Aww ...ဖမ်းမိရင် နမ်းမယ်လို့ ခင်ဗျားလေးဘဲ ပြောတာလေ ပြီးတော့ အပြစ်ပေးတာ မကြောက်ဘူးဆို ဘယ်လိုဖြစ်ပြီး ကိုယ်က လူယုတ်မာ ဖြစ်သွား..... အွန့်"

စကားလုံးတို့ ပါးစပ်မှ ထွက်မလာနိုင်တော့‌... ကျွန်တော့်နှုတ်ခမ်းသားပေါ် နှုတ်ခမ်းပါးပါးလေး ကျရောက်တဲ့အခိုက် အံ့ဩလွန်းလို့ တောင့်တောင့်ကြီးသာရပ်နေမိသည်...ကျွန်တော့်ရှေ့ကကောင်လေးက ကျွန်တော့်ကိုနမ်းလိုက်တယ်တဲ့လား...

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now