[Unicode]
အိမ်ပြန်ရောက်တော့လည်း ကျွန်တော့်ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကလေးကြာင့် ကျွန်တော်ငြိမ်ငြိမ်လေးနေပေးရင်း ကျွန်တော်ပါအိပ်ပျော်သွားခဲ့သည်.... အခု ညနေတောင်စောင်းနေပြီ...
"ကိုကိုရေ Hyunie ကြောက်တယ်"
"Hyunie ကိုကယ်ပါ ဟင့်* ကိုကိုရေ"
အသံကြားတာကြောင့် Chanyeol နိုးလာခဲ့သည်....
"ကိုကို Hyunie ကြောက်တယ်...."
တစ်ကိုယ်လုံးတုန်ရင်ကာ ကြောက်လန့်နေတဲ့ ကလေးငယ်ကို ပုခုံးကိုကိုင်လှုပ်ကာနှိုးရသည်...
"Baby! Baby! ထဦး..."
"မလုပ်ပါနဲ့! အင့်* ကိုကို....ကယ်ပါ"
ကိုကို!? Baby စိတ်ထဲမှာ မောင် ဆိုတာမရှိဘူးလား...
မောင့်အချစ်တွေက baby အပေါ်မှာ လိုအပ်ချက်တွေရှိနေလို့လား...မောင့်အချစ်တွေမလုံလောက်လို့လား...မောင့်အချစ်က မစစ်မှန်လို့လား...
ဘာဘဲဖြစ်ဖြစ်ပါ အခုတော့ baby ကို အိပ်မက်ဆိုးတွေထဲက မောင်ကယ်ပါ့မယ်...
"Baby! Baby!"
"ဟင့်* မောင်..."
"Baby အိပ်မက်ဆိုးတွေမက်နေတာ....မောင်ရှိတယ်...မောင်ဒီမှာလေ"
"မောင်...."
"မောင်ရှိတယ်...ဟုတ်တယ်...မောင့်ရဲ့ baby လေးက အိပ်မက်ဆိုးတွေမက်နေတာ...ဘာမှမဖြစ်တော့ဘူး...အိပ်မက်ပါကွာ...အိပ်မက်"
ဟင့်* အင့်* sob*
"မငိုနဲ့တော့လေ...အိပ်မက်သက်သက်ဘဲ...ဘာမှမဖြစ်ဘူးနော်"
ရင်ဘတ်ပေါ်မှာ မျက်နှာအပ်လို့ ငိုနေတဲ့ကောင်ငယ်လေးရဲ့ တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်လေးကို အသာအယာပွတ်သပ်ပြီး နှစ်သိမ့်ပေးမိသည်...
"မောင်....ကျွန်တော်ကြောက်တယ်"
"မောင်ရှိတယ်လေ...ဘာမှမဖြစ်ပါဘူးကွာ...ဒါကအိပ်မက်သက်သက်ဘဲ...စိတ်လျှော့လိုက်နော်"
ဟင့်* sob* အင့်*
"မငိုနဲ့တော့...မောင့် baby လေးမောနေတော့မှာဘဲ...တိတ်တော့...မောင် ချီသွားမယ်....အိမ်ထဲဝင်ရအောင်"