[Unicode]
"မင်္ဂလာဦးညကျရင် ကိုယ်လက်တွေ့ပြမယ်"
"ဟင်! ဘာကြီးကို!"
"Baby သိချင်နေတာကိုလေ"
"အခုပြောပြလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ! ဟွန့်!"
"အခုပြောပြလို့ မောင့်ရဲ့ baby လေးက သိမှာလား"
"လုပ်ပြန်ပြီ ပြန်ငိုမှာနော် ဟင့်"
"မငိုပါနဲ့ဗျာ မောင်ရင်တွေပူလွန်းလို့ပါ မငိုနဲ့နော်"
"အာ့ဆိုပြောပြလေ"
"ကာတွန်းကားကြည့်မလား"
"အယ်...မောင်က ကာတွန်းကားကြည့်တာလား..ကြည့်မှာပေါ့..ကြည့်မယ်"
"ဟုတ်ပြီ! လာ! သွားမယ်!"
"ဘယ်သွားမှာတုန်း"
"ကာတွန်းကားပြမယ်လေ"
"အခုမဟုတ်ဘူး...အခုတော့ ကျွန်တော်နဲ့ အပြင်သွားရအောင်"
"အပြင်ကို!? အပြင်ကို ဘာလို့သွားမှာလဲ!? နေပူတယ်!"
"မောင်ရာ သွားရအောင်ပါဆိုကွာ"
Phone ringing...
"ပြော!"
"......"
"တောက်* ငါအခုလာခဲ့မယ်!"
"Sorry baby ကိုယ် ကိစ္စလေးရှိသေးလို့..ကိုယ်သွားလိုက်ဦးမယ်"
"မောင်..."
"မောင့်ရဲ့ baby လေး အပြင်တွေလျှောက်မသွားနဲ့ အိမ်မှာဘဲနေနော်...မောင်ဖုန်းဆက်လိုက်မယ်"
နဖူးပေါ်ကို အနမ်းတစ်ပွင့်ခြွေချကာ ထွက်သွားတဲ့ မောင့်ကျောပြင်ကိုကြည့်ကာ ဝမ်းနည်းမှုတို့က တလှိုက်လှိုက်တက်လာသည်....
မောင် တကယ်မမှတ်မိတာလား...တကယ်မေ့နေတာလား...အရင်နေ့တွေက ဘာကိစ္စဘဲရှိရှိ အလိုလိုက်တတ်တဲ့မောင်က ဒီနေ့မှ...ဒီနေ့မှ ဘာလို့လဲ...
ကျွန်တော့်ကို ရိုးသွားတာလား...မချစ်တော့တာလား...စိတ်ကုန်သွားပြီလား..စိတ်ပျက်သွားပြီလား...မုန်းသွားတာတော့မဖြစ်နိုင်ဘူးမလား မောင်...
အမြဲတမ်းပြည့်စုံနေတဲ့ မောင့်အနားမှာနေရတာ ကျွန်တော်အရမ်းပင်ပန်းတယ်...ကျွန်တော့်လို ဘယ်ကမှန်းမသိတဲ့ တစ်ကောင်ကြွက်ကို အရေးမလုပ်တာလဲ မစမ်းပါဘူး...